amour (22)

975 139 37
                                    

<Zawgyi/>
1 year later ,

အစီအစဉ်မရှိ ပြေးလွှားကာ
ထွက်ခွာလာခဲ့ရသော နိုင်ငံအား ခြေပြန်ချမိချိန်
ရင်ထဲ အနည်းငယ်နွေးထွေးပြီး ပြုံးမိသွားသည်...။

အချိန်အတော်များများကို မရင်းနှီးတယ့်
အခြားနိုင်ငံမှာ ဖြတ်သန်းခဲ့ရတာ မခက်ခဲပေမယ့် မလွယ်ကူ...။
Chaeyoung စိတ်ပင်ပန်းမှာစိုးရိမ်၍သာ
သူ ကိုးရီးယားကို ပြန်မလာခဲ့ခြင်း...။

အခုတော့ Chaeyoung ကိုယ်တိုင်
ကိုးရီးယားပြန်ချင်ကြောင်း တောင်းဆိုခဲ့တာဖြစ်သည် ။
Chaeyoung ဟာ လမ်းလျှေညက်ပြန်ကျင့်နေတာ
တစ်လခန့်ရှိပြီ ။ လောလောဆယ်တော့ ဂျိုင်းထောက်
အကူအညီနှင့်ပေါ့ ။ ခြေထောက်က အတော်လေး အခြေအနေ
ပြန်ကောင်းနေပါပြီ ။

သိပ်မကြာခင် အချိန်အတွင်းမှာပဲ
ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်တော့မှာ ဖြစ်သည် ။

လေယာဉ်ကွင်းတွင်တော့
လူများပြီး သွားရမလွယ်ကူသည်မို့ Chaeyoung ကို
ဝှီးချဲဖြင့်သာ ထိုင်စေပြီး ခေါ်ခဲ့သည် ။
ခြေထောက်က ပြန်ကုစားနေတယ့် အချိန်မှာ
ဒဏ်ထပ်မဖြစ်ဖို့ လိုအပ်သည် ။

လေယာဉ်ကွင်းကို Chaeyoung ရဲ့မိဘများနဲ့ အစ်မ Hyoyoungက
လာကြိုကြသည် ။ သူရဲ့ မိဘတွေကတော့
တရားခွင်အချိန်နဲ့ တိုက်နေသည်မို့ ညှိလို့ဘဲ လာမကြိုနိုင်ကြပါ ။
အစ်မ Jiseon ဟာလည်း မနက်ဖြန်တွင်
ကျင်းပမည့် သူမရဲ့ Fashion show အတွက်
ပြင်ရဆင်ရနှင့် မအားလပ်ပေ ။

Chaeyoung ကို သူ့မိသားစုက
ပြန်ခေါ်သွားကြပြီး Jisooကတော့ မရောက်ဖြစ်တာ
အတော်ကြသည့်
သူ့ကိုယ်ပိုင်တိုက်ခန်းကိုသာ ထွက်လာခဲ့သည် ။

တိုက်ခန်းရှေ့ရောက်တော့
သူ့လက်တွေဟာ တွန့်ဆုတ်နေပြန်သည် ။
ဒီတိုက်ခန်းမှာ နောက်ဆုံးနေခဲ့တယ့် အချိန်မှာ
တုန်းက သူဟာ Jane နဲ့ အတူရှိနေခဲ့တာ ။

လွန်ခဲ့တယ့် အချိန်က Jane နဲ့ သူ့ရဲ့
အငွေ့အသက်တွေ ရှိနေမယ့် နေရာနဲ့ ပတ်သတ်ရမှာ
မဝံ့မရဲ ဖြစ်ရသည် ။ အချိန်တွေဟာ
သူ့အတိုင်းအတာနဲ့သူ ရောက်လာခဲ့ပေမယ့်
အခုလိုဆိုရင်တော့ သူ့စိတ်ထဲ အဲ့လို
အငွေ့အသက်တွေကို မဝံ့မရဲပါပဲ ။

AMOUR Where stories live. Discover now