မုန့်တီဆိုင်ကအပြန်လမ်းတွင် စားချင်သည်ဆို၍ ဘရာကြော်တစ်မတ်ဖိုးထပ်ဝယ်ကျွေးရသေးသည်။
သည်လောက်စားသောက်သော်လည်းသူ့ချစ်ရသူလေးကဝမလာပါ။
"ထွေး...."
"ဗျာ"
"ကို့ကိုချစ်လား"
"ချစ်တယ်"
ချစ်တယ်သာပြောတာအစားကမပျက်ပေ။
"ဘာလို့ချစ်တာလဲ"
ထိုအခါမုန့်ထုတ်လေးကိုမြှောက်လျက်ဖြေလာသည်က
"မုန့်ဝယ်ကျွေးလို့"တယ်လေ။တကယ်စိတ်ရှိတိုင်းသာနမ်းရရင်လေသည်ကလေးအော်ငိုသွားမှာ။
စိတ်လျော့စိတ်လျော့။
သည်လိုနှင့်ခြံရှေ့ထိထွေးလေးကိုလိုက်ပို့ပေးခဲ့ပြီးမိမိခြံထဲသို့ဝင်လာခဲ့လိုက်သည်။
ညကျလူပျိုလှည့်မှာမို့ မယ်ဒလင်သံကြားရင်ထွက်ကြည့်ဖို့လည်းမှာရသေးသည်။
ညကျရင်ဘေးခြံက ကိုယ့်ချစ်သူလေးကိုလူပျိုလှည့်ရန်လည်း အနဂ္ဂမောင်ကကြိုတွေးပြီးသား။
ညရောက်တော့ မယ်ဒလင်လေးပိုက်ကာ ခြံထဲက ကွပ်ပစ်ကလေးပေါ်ထိုင်ကာမယ်ဒလင်တီးရန်ပြင်လိုက်သည်။
ဖိုးသာထူးကလည်းသူ့ဆရာအလိုက်ကိုသိပါ့။ရေနွေးကြမ်းလေးနှင့်လက်ဖက်သုတ်လေးကအဆင်သင့်။
မယ်ဒလင်လေးကိုတတီတီစတီးတော့ မှိတ်ထားသောရေနံဆီးမီးအိမ်ကလေးပွင့်၍လေသာပြတင်းပေါက်ကိုထဖွင့်လာသောချစ်ရသူ။
သူလည်းလက်ကလေးပြလိုက်ကာ စတီးခတ်ရင်းဆိုလိုက်သည်။
"ကိုယ့်ချစ်သူကို တွေ့ဖို့ရယ်.....
သူ့အစ်ကိုကို ကြောက်ရတယ်....
အိုကွယ်...အပျိုရယ်...မကြာခင်မှာမင်္ဂလာဆောင်မယ်။
ကိုယ့်ချစ်သူနဲ့တွေ့ဖို့ရယ်...
ချစ်ယောက်ဖကအမြဲရှုတ်တယ်...
နောင်ဝယ် သူမယ်...လူပျိုကြီးဖြစ်နိုင်တယ်။"
...
ဘေးခြံကမယ်ဒလင်တစ်လက်နဲ့ဒီဘက်ခြံကိုမျက်နှာမူဆိုနေတဲ့အနဂ္ဂမောင်ဆိုတဲ့ကောင်ကိုယုမောင်အမြင်မကြည်တော့။
VOUS LISEZ
ချစ်သော "ထွေး" (Complete)
Roman d'amour"ထွေးမြို့အုပ်မင်းကတော်မလုပ်ချင်ဘူးလားဟင်" "မျက်နှာရူးမြို့အုပ်မင်း"
