အပိုင်း(၃၀)

431 40 0
                                    

အပိုင်း(၃၀) နိုင်ငံခြားဘာသာစကားတစ်ခုသင်ယူရန်အချိန်ရောက်ပြီ

"အာဝူး..."

ရှောင်ဟေးသည် သူ၏လျှာကြီးကို ခါယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

မြေပြင်ပေါ်တွင် လှဲလိုက်ပြီး မုန့်မုန့်ကို ကျောပေါ်သို့တက်အောင် စောင့်ပြီးနောက် ‌ရှောင်ဟေးသည် ရှေ့သို့ တွားသွားတော့သည်။ ဤတစ်ကြိမ်တွင် မုန့်မုန့်သည် ဘေးသို့ချော်မသွားဘဲ ပျော်ရွှင်စွာ ရယ်မောလိုက်ပါလာသည်။

၎င်းကိုမြင်တော့ ကျန်းဟန်သည် အနည်းငယ်ပြုံးလိုက်သည်။ သူ၏အမူအရာမှာ အလွန်နူးညံ့နေသည်။ ဤကဲ့သို့သော ဘဝမျိုးကို သူ အမြဲတောင့်တနေခဲ့သည် မဟုတ်လား။

မုန့်မုန့်ကို ခဏလောက်ကြည့်ပြီးနောက် ကျန်းဟန် အလုပ်စလုပ်သည်။

ကောက်စိုက်ပျိုးခြင်းမှာ စပါးစိုက်ခင်းတွင် ပျိုးပင်များကို စိုက်ပျိုးခြင်းသာဖြစ်သည်။

ကျန်းဟန်သည် စပါးစိုက်ခင်းသို့ မဝင်မီ သီးနှံ့စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာများကို လေ့လာခဲ့သည်။ ကောက်ငန်းခွဲခြင်းကို သူသိပြီး အရည်အသွေးကောင်းမွန်သော ဆန် ထွက်ရန်အတွက် သိပ်သည်းဆမှာ 30cm x 20cm ဝန်းကျင်ရှိကြောင်း သိရှိခဲ့သည်။

ထို့ကြောင့် ကျန်းဟန်သည် အကွာအဝေးကို တွက်ချက်ပြီး စပါးပင်များကို လယ်ကွင်းထဲတွင် တစ်ပင်ပြီးတစ်ပင် စိုက်လိုက်သည်။

နှစ်နာရီကြာပြီးနောက် စပါးခင်းသည် ပျိုးပင်များဖြင့်ပြည့်နေသည်။ အရောင်းသမား၏ ကျွမ်းကျင်မှုသည် ကောင်းမွန်သည်ဟုဆိုရပေမည်။ ကျန်းဟန်အား စပါးခင်းမည်မျှကြီးသည်ကို မေးပြီးနောက် သူထုပ်ပိုးပေးလိုက်သည့် အရေအတွက်မှာ တိကျပေသည်။ ယခုအချိန်တွင် ပျိုးပင် ၄ ၊ ၅ ပင်သာကျန်ပြီး စပါးခင်းတစ်ခင်းလုံး ပြည့်သွားသည်။

ကောက်စိုက်ပြီးချိန်တွင် နေ့လည် ၁ နာရီထိုးနေပြီဖြစ်သည်။

မုန့်မုန့်သည် အားအင်များပြည့်ဝနေပြီး သူမလေးသည် ရှောင်ဟေးနှင့်အတူ မြက်တောတစ်ဝိုက်တွင် အဆက်မပြတ် ပြေးလွှားဆော့ကစားနေဆဲဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now