အပိုင်း(၃၁)

398 39 0
                                    

အပိုင်း(၃၁) စကားကောင်းကောင်းပြောစရာရှိတယ်

နေ့ခင်းဘက်တွင် အလုပ်တာဝန်သည် ပို၍ကြီးမားသည်။ ကျန်းဟန် ညနေ ၆ နာရီအထိ အလုပ်ကြိုးစားပြီးနောက် ထိုမျိုးစေ့များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည်။

တစ်ဖက်တွင် မုန့်မုန့်သည် ရှောင်ဟေးနှင့်ကစားနေခဲ့သည်။ ပင်ပန်းလာသည့်အခါ မြေပြင်ပေါ်တွင် လုံလောက်အောင် အနားယူပြီးလျှင် ဆက်ကစားသည်။

"ကောင်းပြီ မုန့်မုန့်ရေ။ မှောင်လာပြီ ဖေဖေတို့ ပြန်ကြရအောင်"
ကျန်းဟန် လက်ကို ရေကန်တွင်ဆေးလိုက်သည်။ သူ၏အဝတ်အစားများမှာ ညစ်ပတ်နေပြီးသားဖြစ်သဖြင့် အဝတ်ပေါ်တွင်သာ လက်သုတ်လိုက်သည်။

"ဖေဖေ သမီးတို့ ရှောင်ဟေးကိုပါ ပြန်ခေါ်လာလို့မရဘူးလားဟင်"
မုန့်မုန့်သည် မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။

တစ်ရက်တာ ကုန်လွန်သွားခဲ့ပြီးနောက် အဆင့်မြင့်ကစားဖော် ရှောင်ဟေးသည် မုန့်မုန့်၏နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဖြစ်သည်။ မုန့်မုန့်သည် ရှောင်ဟေးကို သူမ၏ကစားဖက်အဖြစ် သတ်မှတ်ပြီး ရှောင်ဟေးအား အတူတူကစားရန် အိမ်သို့ပြန်ခေါ်သွားကာ သူမ၏အရုပ်များဖြင့် အတူတူမျှဝေကစားနိုင်ရန် ရည်ရွယ်ထားသည်။

၎င်းကိုကြားလိုက်သည်နှင့် ရှောင်ဟေးသည် ချက်ချင်းထထိုင်၍ ကျန်းဟန်နှင့်မျက်နှာချင်းဆိုင်ကာ သူ၏အမြီးကို ယမ်းလျက် လျှာထုတ်ပြီး အိမ်ပြန်တော့မည် မုန့်မုန့်နောက်သို့ လိုက်ချင်နေသည့် အမူအရာ ဖော်ထုတ်လိုက်သည်။

"အင်း..."
ကျန်းဟန် အနည်းငယ်ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

"ဒါတော့မဖြစ်ဘူး။ မုန့်မုန့် ရှောင်ဟေးက ဒီနေရာကို စောင့်ကြည့်နေဖို့ ကျန်သေးတယ်။ ဖေဖေတို့ ဒီမှာအပင်တွေအများကြီးစိုက်ပြီးသွားပြီ။ တစ်ယောက်ယောက်က လာပြီး အဲဒါတွေကို ဖျက်ဆီးလိုက်ရင် ဖေဖေတို့ စားစရာမရှိပဲဖြစ်သွားလိမ့်မယ်။ ရှောင်ဟေးနဲ့ကစားဖို့ မနက်ဖြန်မှ ဒီကိုထပ်လာကြမယ်လေ ဟုတ်ပြီလား"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now