အပိုင်း(၃၃)

390 37 0
                                    

အပိုင်း(၃၃) ဝယ် ဝယ် ဝယ်!

ခွေးနှစ်ကောင် စျေးနှုန်းမှာ ၅၅၀၀ နှင့် ၆၀၀၀ ၊ ပေါင်း ၁၁၅၀၀ ။ အမျိုးသား၏မျက်နှာမှာ ပိုမိုပျော်ရွှင်လာသည်။

"ဒီကောင်နဲ့ ဒီကောင်"

"ဒီကောင်..."

ကျန်းဟန်သည် ခြေလှမ်းအနည်းငယ်လှမ်းတိုင်း ခွေးနှစ်ကောင်ကို ညွန်ပြသည်။

ကျန်းဟန်သည် တောက်ပသော အဖြူရောင် Bichon Collie၊ Pomeranian၊ မျိုးကောင်းမျိုးသန့် Teacup Poodle နှင့် ယွမ် ၁၀၈၀၀ တန်သော သိုးထိန်းခွေးနှင့် Poodle ကို ထပ်မံဝယ်ယူခဲ့သည်။

ဤနေရာအထိ ‌ရွေးချယ်လာလိုက်ကြရာ နေရာတစ်ခုလုံး၏တစ်ဝက်ပင် ရောက်သွားကြသည်။ ကျန်းဟန်၏ရင်ခွင်ထဲရှိမုန့်မုန့်သည် စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်သည်။

"ဖေဖေ ဖေဖေ သမီးရွေးရမယ့်အလှည့်ရောက်ပြီ"

"ကောင်းပြီ ကောင်းပြီ အခု မုန့်မုန့်ရွေးရမယ့်အလှည့်ပဲ။ ဒါကိုကြည့် သူ့ကို Husky လို့ခေါ်ပြီး အများအားဖြင့် Silly Husky လို့ခေါ်ကြတယ်။ Husky တွေက ငယ်သေးတဲ့အချိန်မှာ အလွန်ဆော့ကြပြီး ကြီးလာရင် ပိုပြီး မိုက်မဲလာကြတယ်။ Husky ကို 'လွှတ်ပျောက်' လို့ နာမည်ပြောင်လည်းရှိတယ်။ သူတို့က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မုန့်မုန့် သူတို့ထဲက နှစ်ကောင်ရွေးလို့ရတယ်" ကျန်းဟန်သည် ရှေ့ရှိ Huskies ၈ ကောင်ကို ညွှန်ပြသည်။
(လွှတ်ပျောက် ဆိုတာ ကြိုးလွှတ်လိုက်တာနဲ့ တန်းပြီး ပြေးထွက်သွားတတ်လို့ပြောတာဖြစ်မယ်)

"အိုး...ဖေဖေ သူတို့အားလုံးက အတူတူပဲ"

မုန့်မုန့်သည် အကြာကြီးတုံ့ဆိုင်းနေပြီး ဘယ်နှစ်ကောင်ကို ရွေးရမှန်းမသိဖြစ်နေသည်။ နောက်ဆုံးတွင် သူမသည် သူမ၏လက်ဖဝါးလေးကို လျှာထုတ်ကာ လျှာဖြင့်အဆက်မပြတ်ယက်နေသော လှောင်အိမ်အတွင်းရှိ အတက်ကြွဆုံးခွေးပေါက်စလေးနှစ်ကောင်ကို ရွေးလိုက်သည်။

"အိုး ဒီကောင်ပြီးရင် ဒီကောင်ရော" မုန့်မုန့်သည် အတက်ကြွဆုံးဖြစ်နေသည့် ခွေးမလေးနှစ်ကောင်ကို ထောက်ပြသည်။

"မုန့်မုန့် အဲ့ဒီနှစ်ကောင်လုံးက အစ်မတွေချည်းပဲ တစ်ကောင်ကို အထီးနဲ့လဲလိုက်လေ" ကျန်းဟန် မပြုံးဘဲမနေနိုင်ပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now