အပိုင်း(၃၄)

394 43 1
                                    

အခန်း(၃၄) ကနဦးအရွယ်အစား

တိရိစ္ဆာန် ၂၂ ကောင်အတွက် ယွမ် ၁၉၈၀၀၀ ၊ ခန့်မှန်းခြေအားဖြင့် တစ်ကောင်ကို ယွမ် ၁ သောင်းနီးပါးရှိသည်။

ထို့ပြင် ကျန်းဟန်ဝယ်ယူခဲ့သော တိရိစ္ဆာန်များသည် အရွယ်ရောက်ပြီးသည့် အကောင်များကို ဝယ်မည်ဆိုပါက ပို၍ဈေးကြီးပေမည်။

သို့သော် ထိုအရာများအားလုံးသည် သူဝယ်ကိုဝယ်ရမည့်အရာများ ဖြစ်သည်။ ကျန်းဟန်သည် ငွေနှင့်ပက်သက်၍ စိုးရိမ်ခြင်းမရှိပေ။ ဟန်ယန်အင်မော်တယ်ဧကရာဇ်တွင် ငွေပြတ်သည့်အချိန် မည်သည့်အခါကမှ မရှိခဲ့‌ပေ။

သူသည် ယခုမှ ပြန်လည်မွေးဖွားလာပြီး လက်ရှိတွင် ချမ်းသာကြွယ်ဝခြင်း မရှိသေးသော်လည်း ကျန်းဟန်သည် အလွန်အမင်းကြွယ်ဝချမ်းသာလာရန် မကြာမီအချိန်တွင်း လုပ်ဆောင်နိုင်တော့မည်ဟု ယုံကြည်သည်။

ငွေပေးချေပြီးနောက် တိရိစ္ဆာန်များအား ပို့ဆောင်ရမည့် လိပ်စာပေးထားခဲ့ပြီး ကျန်းဟန်သည် ကားကို လမ်းအဆုံးဘက်သို့ မောင်းနှင်သွားခဲ့သည်။

အချိန်ကား မနက် ၁၀ နာရီရှိချေပြီ။
၁၀ မိနစ်ခန့် မောင်းလာပြီးနောက် လယ်သမားဈေးကို တွေ့လိုက်ရသည်။ လယ်သမားဈေးသည် အလွန်လူစည်ကားသည်။ အစည်ကားဆုံးအချိန်မဟုတ်သော်လည်း ဈေးအတွင်းသို့ ဝင်ထွက်သွားလာသူ အများအပြားရှိနေသေးသည်။ လယ်သမားဈေးအတွင်းသို့ ကားမောင်းရန်မှာ အနည်းငယ်အာစိုက်ရမည်ဖြစ်သဖြင့် ကျန်းဟန်သည် ကားကို လမ်းဘေးတွင်ရပ်ထားပြီး မုန့်မုန့်အား ချီဆောင်ကာ လယ်သမားဈေးသို့ လမ်းလျှောက်သွားခဲ့သည်။

ဈေးတွင် ပစ္စည်းမျိုးစုံကို ရောင်းချကြသည်။ ဖရဲသီးစေ့၊ တောင်ကျစမ်းရေ၊ အင်္ကျီ၊ ဘောင်းဘီ၊ ကင်းဗတ်ဖိနပ်၊ ချက်ပြုတ်ထားသည့် ဟင်းလျာများ၊ ဟင်းသီးဟင်းရွက်များ စသည်ဖြင့် အခြားအရာများပါ မျိုးစုံအောင် ရှိသည်။ ဤနေရာတွင် ရောင်းချသော ပစ္စည်းများမှာ အလွန်စုံလင် ကျယ်ပြန့်သည်။

လူတိုင်းသိကြသည့်အတိုင်း ကျေးလက်ဈေးများသည် ရှေးပဝေသဏီမှ ယနေ့အထိ တည်ရှိလာခဲ့ပြီး မည်သည့်အချိန်ကမှ ပျောက်ကွယ်သွားခြင်းမရှိသော်လည်း သိပ္ပံနှင့်နည်းပညာများ တဖြည်းဖြည်းဖွဲ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျေးလက်ဈေးများမှာလည်း တဖြည်းဖြည်းလျော့နည်းလာသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now