အပိုင်း(၃၇)

394 37 0
                                    

အပိုင်း(၃၇) စူပါမားကတ်ကိုသွားမယ်

"အရမ်းမိုက်တာပဲ၊ အရမ်းလှတယ်"

မုန့်မုန်သည် အပေါ်ထပ်နှင့်အောက်ထပ်ကို အကြိမ်အနည်းငယ် ပြေးပြီး အလွန်စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ပြောလိုက်သည်။

"ဒါက ဘာမှမဟုတ်သေးပါဘူး။ ဖေဖေ သုခဘုံ ကို ဆောက်လို့ပြီးတဲ့အထိသာစောင့်၊ ဘယ်နေရာက အလှဆုံလဲဆိုတာ သမီးချက်ချင်းသိလိမ့်မယ်" ကျန်းဟန်သည် မုန့်မုန့်၏ ခေါင်းလေးကို ပုတ်လိုက်သည်။

"ဖေဖေက အကောင်းဆုံးပဲ" မုန့်မုန့်သည် သူမ၏လက်ကလေးများကို ဆန့်ထုတ်လိုက်ပြီး ကျန်းဟန်၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

"မွ မွ မွ" မုန့်မုန့်သည် ကျန်းဟန်၏မျက်နှာကို အကြိမ်အနည်းငယ်နမ်းလိုက်သည်။

"ဟားဟားဟား..."
ကျန်းဟန် အားရပါးရရယ်မောလိုက်သည်။

သူလုပ်ခဲ့သမျှအရာအားလုံးသည် မုန့်မုန့်၏အတွက်သာ ဖြစ်သည်။ မင်းသမီးလေး ထိုမျှပျော်ရွှင်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းဟန်၏နှလုံးသားထဲတွင် အားရကျေနပ်မှုနှင့် အောင်မြင်ဂုဏ်ယူမှုများ ပြည့်သွားသည်။

ဤသို့သောပျော်ရွှင်မှုမျိုးသည် ကျန်းဟန်တွင် မရေမတွက်နိုင်သော ရတနာများ ပိုင်ဆိုင်ခဲ့ချိန်ကပင် မရရှိခဲ့ဖူးပေ။

ကလေးတစ်ယောက်ရှိလာသည်နှင့် အရာအားလုံးသည် လုံးဝပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့သော ဘဝမျိုးတွင် ကျန်းဟန်သည် အလွန်ကြည်နူးနှစ်ခြိုက်မိပါသည်။ သူသည် အခြားအရာများကို လုံးဝမစဉ်းစားချင်တော့လောက်ပင်ဖြစ်သည်။ ရတနာများ မရှာဖွေနိုင် အင်မော်တယ်အဖြစ်မကျင့်ကြံနိုင်လျှင်ပင် ပြဿနာမရှိ။ မုန့်မုန့်သာရှိလျှင် ဤဘဝတွင် အခြားအရာအားလုံးသည် အရေးမပါတော့ပေ။

"ဖေဖေ ဖေဖေ သမီး အိတ်ထဲမှာပါလာတဲ့ အရုပ်တွေလိုချင်တယ်" အကြိမ်အနည်းငယ် ပြေးလွှားပြီးနောက် မုန့်မုန့်သည် ကျန်းဟန်ရှေ့သို့ ပြေးသွားကာ ပြောလိုက်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ သမီးရဲ့အရုပ်တွေကို ဖေဖေ ထုတ်ပေးမယ်" ကျန်းဟန် ရယ်မောက ခေါင်းယမ်းလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now