အပိုင်း(၃၈)

402 38 0
                                    

အပိုင်း(၃၈) သီချင်းရောင်းရန် စိတ်ကူး

"ဟုတ်..." မုန့်မုန့်သည် သနားစဖွယ်ပြန်ပြောသည်။

ကျန်းဟန်ခေါင်းခါလိုက်ပြီး တွန်းလှည်းအား ဘေးသို့ရွေ့လိုက်ကာ ပြန်လှည့်၍ မုန့်မုန့်အား လူအုပ်ဆီသို့ သယ်ဆောင်သွားသည်။

တစ်ချိန်တည်းမှာပင် ကျန်းဟန်စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

မုန့်မုန့်သည် အလွန်ကြင်နာတတ်နေဆဲဖြစ်သည်။ သို့သော် ၎င်းကအဓိပ္ပာယ်ရှိပါသေးသည်။ လူတစ်ယောက်၏ ပင်ကိုယ်သဘာဝအရ မူလက စေတနာ သဒ္ဓါတရားရှိပြီး မွေးလာကတည်းက ဆိုးသွမ်းနေသည့်သူ တစ်ယောက်မျှမရှိခဲ့ပေ။ လူတစ်ယောက် ကြီးပြင်းလာသည့် ပတ်ဝန်းကျင်နှင့် သူသင်ကြားခဲ့ရသည့် ပညာရေးပုံစံသည် အနာဂတ်တွင် သူမည်သို့သော လူစားမျိုးဖြစ်လာမည် ဆိုသည်ကို ကြီးမားစွာ အကျိုးသက်ရောက်စေသည်။

မွေးဖွားလာသည့်အချိန်မှာ ၇ နှစ်အရွယ်အထိမှာ ၎င်းတို့၏စိတ်နေစိတ်ထားကို အခြေခံအားဖြင့် အဆုံးအဖြတ်ပေးသည့် ကာလဖြစ်သည်ဟု အထူးအဖွဲ့အစည်းတစ်ခုက ပြောခဲ့ဖူးသည်ကို သတိရစေချင်သည်။ ထိုကြောင့် ကလေးငယ်များ၏ ပညာ‌ရေးသည် ငယ်စဉ်ကအခါက အလွန်အရေးကြီးကြောင်း ထင်ရှားပေသည်။

သို့သော် လူတစ်ဦးသည် ကြင်နာတတ်လွန်းပါက သူတို့သည် စကြာဝဠာ၏အခြေအနေကို ညည်းတွားပြီး လူသားတို့၏ကံကြမ္မာကို သနားနေရမည်ဟု ကျန်းဟန်ခံစားရသည်။ သနားစရာကောင်းသည့်လူတိုင်းသည် ထိပ်ဆုံးကို ကျော်လွန်နေပြီသားဖြစ်ကြသည်။ မုန့်မုန့်သည် လူ့အဖွဲ့အစည်း၏အသွင်အပြင်ကို အစစ်အမှန်အတိုင်း မြင်တွေ့ခွင့်ပေးရန် အချိန်ယူနေရဆဲပင် ထင်သည်။

ကျန်းဟန် လူအုပ်ဆီသို့ လျှောက်သွားရင်း တစ်ကိုယ်တည်းတွေးနေမိသည်။

လူများအားဘေးသို့တွန်းဖယ်ပြီ လူအုပ်အတွင်း တိုးဝင်လိုက်သည့်အခါ အမျိုးသမီးနှင့်သူမ၏သားငယ်တို့၏ ငိုသံမှာ ပိုကျယ်လာပြီး အဘိုးအို၏အသားအရေမှာလည်း ပို၍ပို၍ ဖြူဖျော့လာခဲ့သည်။

ဝန်ထမ်း ၂ ဦးသည်ပင် ရှေးဦးသူနာပြုစုနည်းကို ရပ်ဆိုင်းကာ တစ်ဖက်တွင် ကူကယ်ရာမဲ့ မတ်တပ်ရပ်နေခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now