အပိုင်း(၃၉)

399 34 2
                                    

အပိုင်း(၃၉) အတွေ့အကြုံကိုအခြေခံသောဘဝ

"အမ်? သခင်လေး စပါးတွေကို ဘယ်မှာ စိုက်တာလဲ?"
ဆန်စပါးစီမံကွပ်ကဲရေးမှူးသည် စပါးနှံကိုကောက်ကိုင်ရင်း စပါး၏အရွယ်အစားကို ဂရုတစိုက် အကဲခတ်လိုက်သည်။

သူပိုပြီးကြည့်လေလေ အံ့ဩလေလေ ဖြစ်သည်။ စပါးစေ့၏အပြင်ပန်းမှာ အလွန်ကောင်းမွန်သည်။

လူပြိန်းသည် သာမန်ရိုးရှင်းသည့် ရှိုးများကို နှစ်သက်သော်လည်း အနုပညာအကြောင်းသိသူသည်တော့ အနုပညာကိုသာ အသိအမှတ်ပြုသည်။

စီမံခန့်ခွဲရေးမှူးသည် စက်ရုံတွင် အချိန်အ‌တော်ကြာ အလုပ်လုပ်ခဲ့ပြီး စပါးအမြောက်အများကို ကြိတ်ခွဲကာ အလွန်ကောင်းမွန်သည့် ဆန်ချောများကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ဤအတိုင်းအတာထိ ကြီးမားသော စပါးစေ့ကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။

စပါးနှံသည် ရွှေဝါရောင်ရှိပြီး စပါးစေ့များမျာ တစ်ခုနှင့်တစ်ခုပူးကပ်ကာ အစီအရီဖြင့် သပ်ရပ်နေသည်။ ဆန်အဖြစ်မကြိတ်ခွဲရသေးသည်ပင် မွှေးကြိုင်သည့် ဆန်ရနံ့ကို ရနိုင်နေသည်။ သူ့အတွက် ထိုအရာများမှာ အနည်းငယ် ထူးဆန်းနေသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ကျန်းဟန် ခေါင်းယမ်းလိုက်ပြီး ပြန်မဖြေခဲ့ပေ။

"ဒါက နံပါတ် ၂ တာအိုဟွာရှန်းဆန် မဟုတ်လား" စီမံခန့်ခွဲရေးမှုးသည် အံ့ဩစွာမေးသည်။

"အင်း" ကျန်းဟန် ခေါင်းညိတ်လိုက်သည်။

"အင်း ဒီလိုအသွင်ပြင်ကောင်းတဲ့ စပါးကို ပထမဆုံးတွေ့ဖူးတာပဲ" စီမံခန့်ခွဲရေးမှူးသည် အံ့ဩစွာပြောလိုက်သည်။ ထို့နောက် စက်ကို စတင်မောင်းနှင်လိုက်သည်။

ဆန်ကိုကြိတ်ခွဲလိုက်ပြီး ဆန်ချောထဲမှ ဖြူဖွေးလုံးဝန်းသေ ဆန်စေ့ကြီးများအဖြစ် ကြိတ်ခွဲလိုက်ပြီးနောက် ထွက်ပေါ်လာသော ဆန်၏မွှေးရနံ့က စီမံခန့်ခွဲရေးမှူးကို ပို၍ပင် အံ့ဩသွားစေသည်။

"ဒီအနံ့က ဘယ်လိုဖြစ်တာလဲ? ထမင်းချက်ပြီးရင် ဘယ်လောက်တောင်မွှေးလိုက်မလဲ။ ဒီဆန်က အရမ်းမိုက်တယ်!"
စီမံခန့်ခွဲရေးမှူးသည် ဆန်စေ့တစ်စေ့ကို ကြည့်ရှုကာ အဆက်မပြတ်ချီးကျူးနေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now