EP.9

6.8K 128 0
                                    

[Zawgyi]
🍑ကီရာ 🍑

     💦ep.9💦

🚨Warning အကြီးစားပေးပါတယ်.
ညစ်ညမ်းသည့်စကားလုံးများကို
ပွင့်လင်းစွာ သုံးနှုန်းထားတာမို့..ကြိုက်မှ ဖတ်ကြနော်🚨

အချစ်ဟုတ်လား...မဟုတ်ဘူး..အဲ့ဒါဟာ..မှားယွင်းမှုတစ်ခုဘဲ..။

🖤🖤🖤

အီဟန်က..ကီရာအတွက် Surprise gift ပြင်ဆင်ထားတဲ့ hotel တစ်ခုဆီကို.ခေါ်ဆောင်သွားခဲ့တယ်။

ကီရာအတွက် ပြင်ဆင်ထားတဲ့ တီးဝိုင်းတွေ ပန်းစည်းတွေ..ဟင်းပွဲတွေက ကီရာကို အနည်းငယ် စိတ်လှုပ်ရှားစေပေမယ့်..Surprise တော့ မဖြစ်ခဲ့ဘူး..။

"'အီဟန်.. ခင်ဗျားရဲ့..Surprise gift ကကျန်သေးတယ်မလား...ဒါလောက်ဘဲလို့တော့..လာမပြော‌နဲ့နော်..
ကျွန်တော် လုံးဝကို Surprise မဖြစ်သေးဘူး...""

ကီရာက..ချစ်စဖွယ် အမူယာမျိုးနဲ့ ပြောလိုက်တယ်။

ကြည်ပြာရောင်..အနောက်တိုင်းဝတ်စုံ
အပြည့်ကို ၀တ်ဆင်ထားတဲ့ ..ကီရာပုံစံလေးက..တည်ငြိမ်နေတဲ့ အသွင်ပြင်နဲ့..အရမ်းကို ခန့်ညားနေခဲ့တယ်။

သပ်ရပ်စွာ ဖီးသင်ထားတဲ့ ဆံပင်တွေကြောင့်..ကီရာရဲ့ပုံစံလေးက..တမူထူးခြားနေပြီး..‌ထူးဆန်းစွာနဲ့ ယောက်ျားပီသစွာ ချောမောနေခဲ့ပြန်တယ်။

ကီရာဆိုသော လူငယ်လေးက..ဘယ်လို ပြင်ပြင်..သူရဲ့အလှတရားတွေက..မပြောင်းလဲဘဲ..တမူထူးစွာနဲ့ တဖက်သားကို အမြဲဆွဲဆောင်နေခဲ့တယ်လေ..။

အီဟန် ကီရာရဲ့ ဖူးနုနေတဲ့ မျက်နှာလေးကို နှမြောတသစွာနဲ့ ငေးကြည့်နေမိတယ်။

သူအနေနဲ့..ကီရာကို ချစ်နေမိပြီဆိုတာကို..လက်မခံနိုင်ခဲ့ဘူး..။ ဒါပေမယ့်..ဒီကောင်လေးအပေါ်မှာ သူ အနည်းငယ်စွဲလမ်းနေမိပြီဆိုတာကိုတော့ သူယုံကြည်ခဲ့တယ်။

ဒါကြောင့်မို့..ဒီစွဲလမ်းမှုတွေဟာ အနက်ရှိုင်းဆုံးထိ မရောက်သေးခင်မှာဘဲ.ဖြတ်တောက်ပစ်လိုက်ဖို့အတွက် အီဟန်ဆုံးဖြတ်ခဲ့တယ်။

""ကီရာ...""

အီဟန် ခြောက်ကပ်စွာနဲ့ ကီရာနာမည်လေးနဲ့ ခေါ်လိုက်တယ်။

ကီရာWhere stories live. Discover now