EP 11🔥

10.7K 148 2
                                    

[Zawgyi]
🍑ကီရာ 🍑

     💦ep.11💦

🚨Warning အကြီးစားပေးပါတယ်.
ညစ်ညမ်းသည့်စကားလုံးများကို
ပွင့်လင်းစွာ သုံးနှုန်းထားတာမို့..ကြိုက်မှ ဖတ်ကြနော်🚨

ဇီနွန်ရဲ့ကောင်းမှုနဲ့ ကီရာတို့တွေ ကမ်းခြေဆီကို အလည်တစ်ခေါက်ရောက်လာခဲ့ကြလေသည်။

ထိုကမ်းခြေမှာ..ဇီနွန်ပိုင်တဲ့ ဟိုတည်တစ်ခုမှာဘဲ ကီရာတို့တွေ တည်းခိုခဲ့ကြလေသည်။

နောက်ပြီး missနေရီရီ ကျင်းပမဲ့ ဖက်ရှင်ရှိုးပွဲကလဲ ထိုဟိုတည်မှာဘဲ ကျင်းပမှာဖြစ်သည်။

အီဟန်က ဂျန်ဆယ်နဲ့အတူ နှစ်ယောက်အိပ်အခန်းကိုမယူဘဲ..ကီရာယူထားတဲ့ အခန်းနဲ့ ကပ်ရပ် တစ်ယောက်တည်းအခန်းကိုဘဲ ယူသည်။ ဇီနွန်ယူထားသည့် အခန်းကလဲ ကီရာဘေးနားကအခန်းမှာဘဲ ဖြစ်သည်။

အဲ့ဒီတော့ ကီရာအခန်းက အီဟန်အခန်းနဲ့ ဇီနွန်အခန်းရဲ့ အလည်မှာ ရှိနေတော့တာပေါ့..။

""အီဟန်..မင်းက ဘာဖြစ်လို့ ၂ယောက်ခန်းကို မယူတာလဲ..မင်းနဲ့ ဂျန်ဆယ်အတွက်..အထူး၂ယောက်ခန်းကို ငါပြင်ဆင်ခိုင်းလိုက်မယ်လေ..""

ဇီနွန်က ဆိုသည်။ ထိုအခါ အီဟန်က..

""ဂျန်က..တက်သစ်စ မော်ဒယ်တစ်ဦးလေ..သူက ငါတို့ မင်းတို့လိုမျိုး သာမန်လူမဟုတ်ဘူး..သူက Celebrity တစ်ယောက်လေ..အများပြောစရာမဖြစ်အောင် ငါဘက်က အနေထိုင် အဆင်ခြင်ပေးနေတာကွ..မင်းဘာ နားလည်လို့လဲ..""

ဟု အီဟန်က ဆင်ခြေပြန်ပေးသည်။

အီဟန်ရဲ့ ဆင်ခြေကို ဂျန်ဆယ်အနေနဲ့ သိပ်ပြီးလက်မခံချင်ခဲ့ပေ။အီဟန်နဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ဖို့အတွက် သူ့ရဲ့ မန်နေဂျာကိုတောင် မခေါ်ဘဲ သူတစ်ယောက်တည်း လိုက်လာခဲ့တာလေ.။

""ကိုကို..ဂျန်က ရပါတယ်..ဂျန်လေ..ကိုကို‌နဲ့အတူနေချင်တယ်..""

ဂျန်က ချွဲနွဲ့စွာဆိုလိုက်သည်။

""မရဘူး..ဂျန်..အခန်းခွဲနေတာအကောင်းဆုံးဘဲ.""

အီဟန်ကဆိုရင်း..ဂျန်နေရမဲ့ အခန်းဆီကို ဂျန်ကို လိုက်ပို့ခဲ့သည်။

ကီရာWhere stories live. Discover now