EP.14,🔥

9K 140 1
                                    

[Zawgyi]
🍑ကီရာ 🍑

     💦ep.14💦

"  ကိုကို...ကိုကိုဘယ်တွေလျှောက်သွားနေတာလဲ..ဂျန်..တစ်ယောက်တည်း ကမ်းခြေမှာ ဘယ်လောက်ထိဒုက္ခရောက်ခဲ့ရလဲဆိုတာ..ကိုကိုသိရဲ့လား..""

အီဟန်ကို မြင်တာနဲ့ ဂျန်ဆယ်က တန်းပြီး  နုတ်ခမ်းလေးစူကာနှင့် အလိုမကျဟန် ဆိုလိုက်သည်။

""ဂျန်..""

""ဘာလဲ..""

""ကိုယ်တို့တွေ လမ်းခွဲကြရအောင်.."'

""ဗျာ.."'

ရုတ်တရက် လေးနက်စွာ ပြောလာတဲ့ အီဟန်စကားကြောင့်..ဂျန်ဆယ်မှာ..ခဏတာမျှ ကြောင်အန်းလို့သွားခဲ့လေသည်။

""ဘာ...ဘာပြောလိုက်တာလဲ...ကိုကို..ဘာပြောလိုက်တာလဲဟင်..""

ဂျန်ဆယ်က.ငိုမဲ့မဲ့ မျက်နှာငယ်လေးနဲ့ ပြန်မေးလာသည်။ အီဟန် သက်ပြင်းတစ်ချက်ကို ချလိုက်ရင်း..

""ဂျန်ဆယ်..ကိုယ်မင်းကို မချစ်ဘူး ..ကိုယ် ဒီထက်ပိုပြီးလဲ..မင်းကို အသုံးမချချင်တော့ဘူး..ကိုယ်တို့တွေ လမ်းခွဲကြရအောင်..""

အီဟန်နုတ်က ထွက်ကျလာတဲ့  စကားတွေက ဂျန်ဆယ်ရဲ့နှလုံးသားကို တိုက်ရိုက်နာကျင်စေခဲ့တယ်။ ဂျန်ဆယ် ပါးပြင်ပေါ် မျက်ရည်‌တွေ စီးကျလာရင်း နာကျင်စွာ ငိုကြွေးလိုက်တယ်။

"ဟင့်အင်း...ဟင့်အင်း..ကိုကို..အခုဘာတွေ ပြောနေလဲဆိုတာ..ဂျန် နားမလည်ဘူး..ဂျန် ဘာမှမကြားလိုက်ဘူးလို့ဘဲ..သဘောထားလိုက်မယ်..""

ဂျန်ဆယ်က ခေါင်းမာစွာနဲ့ အီဟန်ရဲ့ လမ်းခွဲစကားကို လျစ်လျူရှု့ဖို့ ကြိုးစားလိုက်တယ်။

""ဂျန်ဆယ်...မင်းကို ငါပြောနေတယ်လေ..ငါမင်းကိုမချစ်ဘူးလို့..""

""ကိုကိုမချစ်လဲ.ရတယ်...ဒီအတိုင်း ကိုကိုဘေးနားမှာဘဲ ဂျန်ကို နေခွင့်ပေးလို့မရဘူးလားဟင်...ဒီအတိုင်း..ကိုကို ပြောနေတဲ့
Sex partner အနေနဲ့ ဂျန်ကိုနေခွင့်ပြုလေ..ဂျန်..ကိုကို စိတ်ကျေနပ်အောင်..ပြုစုပေးနိုင်တယ် ကိုကိုရဲ့..ကိုကိုသာ..ဂျန်ကို ပြုစုခွင့်ပေးလေနော်...နော်..နော်..""

ဂျန်ဆယ်က အသိစိတ်လွတ်နေသူတစ်ဦးအလား..စကားတို့ကိုဆိုရင်း..အီဟန်အား..ဖက်နမ်းတော့သည်။

ကီရာWhere stories live. Discover now