အပိုင်း(၄၄)

376 36 0
                                    

အပိုင်း(၄၄) ဇီယန်၏စွမ်းအား

ဇီယန်သည် သူ၏မျက်လုံးများကို ကြည့်လိုက်ပြီး သူလှည့်ကွက်တစ်ချို့ သုံးလိုက်မှန်း သေချာသိလိုက်သည်။ အင်ပါယာဖျော်ဖြေရေးကုမ္ပဏီတွင် မည်သူ့ကိုပဲ မျက်စိကျနေပါစေ လီချန်း ကျရှုံးသွားသည်ဆိုတာ မရှိပေ။

ဇီယန်၏ စကားကို ကြားသည့်အခါ ဒါရိုက်တာသည် လှည့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဇီယန် ဇီယန် မင်းကိုယ်မင်း အခုဘယ်အခြေအနေရောက်နေတယ်ဆိုတာ စဉ်းစားမကြည့်ဘူးလား။ တန်ဖိုးနည်းနည်းလောက် မပေးဘဲနဲ့ နာမည်ကျအနုပညာရှင်တစ်ယောက်အနေနဲ့ဘယ်လိုလုပ် ပြန်ပြီး နာမည်ကြီးနိုင်မှာလဲ။ နမ်းရုံသက်သက်မပြောနဲ့ စိတ်ပါလက်ပါအခန်းတွေဆိုရင်လည်း လက်ခံရမှာပဲ။ ဖျော်ဖြေရေးနယ်ပယ်မှာ စီနီယာတစ်ယောက်အနေနဲ့ ဒီသဘောတရားကို နားမလည်ဘူးလို့တော့ မပြောနဲ့"

ဒါရိုက်တာ၏ ကဲ့ရဲ့သည့် စကားကိုကြားသောအခါ လီချန်း၏ မျက်လုံးအတွင်း၌ လင်းလက်သွားသည်။

ဇီယန်၏အမူအယာသည်တော့ ပြောင်းလဲမှုမရှိပေ။ အေးစက်စက်လေသံဖြင့်

"ဒီသဘောတရားကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ အနမ်းခန်းကို မရိုက်ဘူး။ ကုမ္ပဏီက ရှင့်ကို ဒီကိုလာခွင့်ပြုတဲ့ အကြောင်းအရင်းက ကျွန်မနဲ့ချိတ်ဆက်ပြီး MV ရိုက်ကူးဖို့။ ကျွန်မကို ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါ သင်ပေးဖို့မဟုတ်ဘူး။ အနမ်းခန်းကို ထပ်ထည့်ဖို့ တွန်းအားပေးနေရင် ကျွန်မ ဒီ MV ကို မရိုက်ရလည်း စိတ်မရှိပါဘူး"

"မင်းဘာပြောလိုက်တာလဲ"

ဒါရိုက်တာ၏အမူအရာမှာ လေးနက်လာသည်။ သို့သော် ခဏအတွင်းတွင် သူ့၌ ဘာအကြံဉာဏ်မျှမပေါ်လာပေ။ ဇီယန်သည် ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု မထင်ခဲ့ပေ။ ရှုံးနိမ့်သွားသည့်အခါတွင် သူသည် လီချန်းကို တိတ်တဆိတ်ကြည့်လိုက်ပြီး လီချန်း ကိုင်တွယ်လိုသည်ကို တွေ့မြင်ချင်သည်။

အခြေအနေက အေးစက်လာသည်ကို တွေ့တော့ နောက်ဆုံးတွင် လီချန်း ပါးစပ်ဟလိုက်သည်။

"ဇီယန် အနမ်းခန်းအတွက် ငါ့နှုတ်ခမ်းကို အကာအကွယ်တစ်ခုတပ်လိုက်ရမလား။ အဲ့လိုဆိုရင်ရော မင်းဘယ်လိုထင်လဲ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now