အပိုင်း(၄၅)

363 43 1
                                    

အပိုင်း (၄၅) လမ်းကြောင်းမှန်ပေါ်ရှိစားသောက်ဆိုင်

"အခုအချိန်မှာတော့ ကြက်ဥထမင်းကြော်နဲ့ နွားနို့ပဲရှိပါတယ်"

ကျန်းဟန်သည် ခေါင်းလှည့်ကာ ထိုအမျိုးသမီးကို ကြည့်ပြီး ပြန်ပြောလိုက်သည်။

"ပြည်မကြီးသားလား"

အမျိုးသမီးသည် အနည်းငယ်မှင်တက်သွားသည်။ ကျန်းဟန်၏ မန်းဒရင်းအသံထွက်ကြောင့် သူသည် ပြည်မကြီးမှဖြစ်ကြောင်း သူမသိနိုင်သည်။ သူမ၏အကြည့်တွင် အထင်အမြင်သေးမှု တစ်စွန်းတစ်စဖြတ်သန်းသွားသည်။

ကျန်းဟန်သည် သူမကို ဂရုမစိုက်ဘဲ မထူးမခြားနားကြည့်လိုက်သည်။

ပြည်မကြီးသားတစ်ယောက် မန်းဒရင်းစကားပြောသည့်အခါ အထင်သေးသည့်ပုံစံထုတ်ပြတတ်သည့် ဟောင်ကောင်ဒေသခံတစ်ချို့ အမြဲရှိသည်။ ဤသည်မှာ အမှန်တကယ် ခွဲခြားဆက်ဆံခြင်းမျိုးမဟုတ်ဘဲ မကြိုက်မနှစ်သက်သည့်ပုံစံများဖြစ်သည်။

ကျန်းဟန်သည် ကျန်းလီနှင့် စကားပြောစဉ်က ကျန်းလီ ဒီကိစ္စကို ပြောပြခဲ့ဖူးသည်အား သတိရသွားသည်။ ဟောင်ကောင်တွင် နှစ်အနည်းငယ်ကြာနေပြီးနောက် ဒေသခံများ ဘာကြောင့် ပြည်မကြီးကို မကြိုက်ကြသည်ကို သူမနားလည်လာသည်။

ပြည်မကြီးမှလူအများအပြားသည် ဟောင်ကောင်၏ဆေးရုံများတွင် အမျိုးအမျိုးသော မွေးဖွားနည်းများကို အသုံးပြုလာကြပြီး ဒေသခံကိုယ်ဝန်ဆောင်များသည်တော့ ပို၍ဈေးကြီးသော ပုဂ္ဂလိကဆေးရုံများသို့သွားရောက်ကြရသည်။ တဖြည်းဖြည်းနှင့် ပုဂ္ဂလိကဆေးရုံများအထိပါ လုယူလာကြသည်။

မင်းကိုယ်မင်းချမ်းသာတယ်ထင်လား။ စိတ်မကောင်းပါဘူး ပြည်မကြီးကလူတွေက မင်းထက်ပိုပြီး ချမ်းသာတယ်

နောက်ပိုင်းတွင် ဟောင်ကောင်အစိုးရသည် ပြည်မကြီးမှကိုယ်ဝန်ဆောက်များကို ဟောင်ကောင်သို့လာခွင့်ပိတ်ပင်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဤဥပဒေသည် အမျိုးမျိုးသော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တနင်္ဂနွေအားလပ်ရက်တိုင်း အထူးသဖြင့် အများပြည်သူအားလပ်ရက်တိုင်း တရုတ်ပြည်မကြီးမှလူများသည် ဟောင်ကောင်သို့ ဈေးဝယ်ရန် အများအပြားလာရောက်ကြသည်။ ထိုအချိန်တွင်လည်း စည်းကမ်းတကျမရှိဘဲ ကျယ်ကျယ်လောင်လောင်အော်ဟစ်ကာ လမ်းဖြတ်ကူးသူများလည်း ရှိပေလိမ့်မည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now