အပိုင်း(၄၆)

361 37 0
                                    

အပိုင်း(၄၆) အစားသောက်၏ဆွဲဆောင်မှု

ယူချင်းချင်းသည် ဝါးတားတားအမူအရာဖြင့် ကြက်ဥထမင်းကြော်ကို စားနေသည်။ သူမ၏ပန်းကန်ထဲတွင် ထမင်းကြော်ကုန်သွားသည်ကိုပင် သတိမထားမိဘဲ ထမင်းကြော်ကို ကော်ရန် ဇွန်းကို ခပ်လိုက်သေးသည်။ အကြိမ်အနည်းငယ် ကော်လိုက်ပြီးနောက် နောက်ဆုံးတွင် ယူချင်းချင်းသည် သူမ၏ပန်းကန်ထဲ၌ ကြက်ဥထမင်းကြော် ကုန်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဆိုင်ရှင် ကျွန်မနောက်ထပ် တစ်ပန်းကန်လိုချင်တယ်..."

ယူချင်းချင်းသည် ထိုကြက်ဥထမင်းကြော်ကို စားပြီးနောက် သူမအလွန်ထပ်စားချင်စိတ်ပြင်းပြလာသောကြောင့် ဘာမှစဉ်းစားမနေဘဲ အော်ပြောလိုက်သည်။

"ဒါဆို ကိုယ့်ဟာကိုယ်ပဲ သွားယူလိုက်ပါ"

ကျန်းဟန်သည် ခေါင်းလှည့်မကြည့်ဘဲ ဘာသိဘာသာပင် ပြန်ဖြေလိုက်သည်။

"အင်း"

ယူချင်းချင်း ခေါင်းညိတ်လိုက်သည်။ မတ်တပ်ထရပ်လိုက်သည့်အခါတွင် လျန်မုန့်ချီသည် နောက်ထပ် ကြက်ဥထမင်းကြော်တစ်ပန်းကန်နှင့်နို့တစ်ခွက်ကို ယူပြီး ထမင်းစားစားပွဲဆီသို့ပြန်လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဟုတ်သားပဲ ငါ သိုးနို့တွေ မသောက်ရသေးဘူး...

ယူချင်းချင်းသည် ကြက်ရထမင်းကြော်ကို စားနေချိန်တွင် ပတ်ဝန်းကျင်ကို မေ့လျော့သွားပြီး သူမ၏ပန်းကန်ဘေးရှိ သိုးနို့ခွက်ကိုပင် မေ့သွားခဲ့သည်။

ထို့ကြောင့် ယူချင်းချင်းသည် သိုးနို့ခွက်ကို အလျင်အမြန်ကောက်ယူလိုက်သည်။

တစ်ကျိုက်လောက်သောက်ပြီးနောက် ယူချင်းချင်းသည် မျက်လုံးမှိတ်ပြီး အရသာမခံဘဲ မနေနိုင်ပေ။ သောက်လိုက်ပြီးသည့်နောက်တွင် သူမ၏စိတ်အာရုံထဲ၌ စွဲကျန်နေသေးသည်။

"ချင်းချင်း"

လျန်မုန့်ချီသည် တစ်ပန်းကန်ကုန်အောင် စားပြီးနောက်တွင် သူမ၏အသိစိတ်သည် ပုံမှန်ပြန်ဖြစ်သွားသည်။ ယူချင်းချင်းကို လှမ်းခေါ်ရင်း သူမကို သတိလှမ်းပေးလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now