အပိုင်း(၄၈)

345 35 0
                                    

အပိုင်း (၄၈) မဟာစန္ဒယားပညာရှင်

နှစ်ယောက်စလုံးသည် စန္ဒယားနောက်ခံသီချင်းကို အကြိမ်ပေါင်းများစွာနားထောင်ခဲ့ကြသည်။ ဒလီဗာရီသမား တံခါးလာခေါက်သည့်တိုင် လီဖန်သည် တံခါးသွားဖွင့်ရန် စိတ်မပါပေ။ ရိက္ခာရောက်လာပြီးနောက် လီဖန်သည် အစားအသောက်ကို ဘေးတွင်ချကာ ကွန်ပြူတာခုံဆီသို့ မြန်မြန်ပြန်သွားပြီး သရုပ်ဆောင် သီချင်းကို ဆက်လက်လေ့လာနေခဲ့သည်။

ဤသီချင်းသည် သူတို့ ၂ ယောက်လုံးကို အနိုင်ယူသွားခဲ့ပြီး သူတို့၏ဆာလောင်မှုကိုပင် လုံးဝမေ့လျော့သွားခဲ့သည်မှာ ထင်ရှားသည်။

သီချင်းကို ၃ ရီကြာ လေ့လာပြီးနောက် ဂျိုကာရွှယ်သည် မိုက်ခရိုက်ဖုန်းကိုယူကာ စန္ဒယားနောက်ခံတီးလုံးကို ဖွင့်ပြီး စတင်သီဆိုသည်။

လီဖန်သည် ဂျိုကာရွှယ်၏ သီဆိုမှုကို နားထောင်ပြီး သဘောကျနေခဲ့သည်။

"ရှင်းရှင်းလေးပဲပြောလိုက်ပါ

ငါ့ဘက်ကိုငဲ့ညာမနေပါနဲ့

မင်းက သရုပ်ဆောင်တစ်ယောက်မှ မဟုတ်ဘဲ

ဇာတ်လမ်းတွေ ဖန်တီးမနေပါနဲ့တော့....."

(TL Note - သီချင်းနားထောင်ချင်ရင်တော့ YouTube မှာ ရှိပါတယ် အပိုင်း(၄၃) မှာ Link ရှိပါတယ် ဒါမှမဟုတ် Joker Xue – Actor လို့ရိုက်ရှာရင်လည်း ရပါတယ်"

ဂျိုကာရွှယ်၏ အသံဩဩနှင့် အနိမ့်သံတို့ဖြင့် သရုပ်ဖော်လိုက်သည့်အခါ သီချင်းထဲတွင် ပါဝင်သည့် ခံစားချက်များသည် လုံးဝပြည့်စုံစွာဖြင့်ပေါ်လွင်လာသည်။ သူ၏ဘဝအတွက် ရည်ရွယ်ပြီး ဤသီချင်းကို ရေးဖွဲ့ပေးထားသကဲ့သို့ပင်။

၎င်းမှာ ဤသီချင်းနာမည်ကြီးရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။

ဂျိုကာရွှယ်၏ သီချင်းဆိုအရည်အချင်းအခြေ‌ခံများသည် အလွန်နက်ရှိုင်းခိုင်မာသည်ဟု ဆိုရမည်။ ပထမအကြိမ် သီဆိုစဉ်မှာပင် ဤသီချင်းဆိုနည်းဆိုဟန်ကို အနည်းနှင့်အများ နားလည်သဘောပေါက် ဖမ်းဆုပ်နိုင်ခဲ့သည်။

ဂျိုကာရွှယ်စတင်သီဆိုလိုက်ပြီးနောက် သီချင်းဆိုနေခြင်းကိုရပ်တန့်၍မရတော့ချေ။ ၃ နာရီကြာအောင်သီချင်းဆိုပြီးနောက် ဂျိုကာရွှယ် ရပ်တန့်သွားခဲ့သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now