အပိုင်း(၄၉)

358 34 0
                                    

အပိုင်း(၄၉) ဖိတ်ခေါ်မထားသည့်ဧည့်သည်

စားသောက်ဆိုင်အတွင်းတွင် အေးချမ်းသာယာနေသော်လည်း မကြာမီတွင် မမျှော်လင့်ထားသည့် ဧည့်သည်တစ်စု စားသောက်ဆိုင်သို့ ရောက်ရှိလာတော့မည်ကို သူတို့အားလုံးမသိရှိခဲ့ကြချေ။

လမ်းအဆုံးမီးပွိုင့်တစ်ခု‌ရှေ့တွင် အဖြူရောင် တိုယိုတာလန်ခရုဆာ ကားတစ်စီသည် မီးပွိုင့်စောင့်နေသည်။ ကားထဲတွင် စုစုပေါင်း လူ ၅ ယောက် ပါရှိသည်။ အဖြူရောင်အင်္ကျီလက်တိုဝတ်ထားသည့် ကားမောင်းသူမှလွဲ၍ အခြား ၄ ယောက်မှာ အနက်ရောင်လက်တိုအင်္ကျီကိုဝတ်ထားပြီး လက်မောင်းပေါ်ရှိတက်တူးများကို ဖော်ပြထားသည်။ ထိုလူများကို ကြည့်လိုက်ရုံဖြင့်ပင် လူဆိုးဂိုဏ်းသားများဖြစ်ကောင်း အလွယ်တကူသိနိုင်သည်။

အနက်ရောင် ရှပ်အင်္ကျီလက်တိုကို ဝတ်ဆင်ထားသူ ၄ ဦးလုံးတွင် ဆံပင်အရောင်တောက်တောက်များဖြင့်ဖြစ်ပြီး ကားမောင်းသူတစ်ဦးသာလျှင် ကျန်းဟန်၏ ဆံပင်ပုံစံနှင့် ခပ်ဆင်ဆင်ရှိသည်။ ကားမောင်းသူ၏မေးရိုးမှာ ချွန်ပြီး ရှင်းလင်းသည့်ပုံရှိကာ အက်ဒီပန်းယုယမ် နှင့်အနည်းငယ်ဆင်ပြီး ချောမောသည့်အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ တည်ငြိမ်မှုကို သူ၏အကြည့်ထဲတွင် တွေ့နိုင်ပြီး သူ၏ရာထူးမှာ အနည်းငယ်မြင့်မားသည့်ပုံရှိသည်။

ထို့ပြင် အခြားသူများက သူ့အပေါ်တွင် ရိုသေလေးစားဟန်ကြောင့် ကားမောင်းသူသည် ကားပေါ်ရှိလူအနည်းငယ်ထဲတွင် အမြင့်ဆုံးသူဖြစ်ကြောင်း သိနိုင်သည်။

သူသည်ကား မြေအောက်လောကတွင် "အရူးကြီး"ဟု နာမည်ကြီးသော ကျောက်ဖုန်းပင်ဖြစ်သည်။

"အစ်ကိုဖုန်း ဒီစားသောက်ဆိုင်လေးတွေပဲကျန်တော့တာ။ သူတို့ဆီက စီမံကြေးတောင်းပြီးရင် ကျွန်တော်တို့အလုပ်ပြီးပါပြီ"

ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် မျက်နှာကြမ်းကြမ်းနှင့်အမျိုးသားက ပြောလိုက်သည်။

"အင်း"

ကျောက်ဖုန်း ခေါင်းညိတ်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now