အပိုင်း(၅၄)

355 35 0
                                    

အပိုင်း(၅၄) ဈေးကြီးသည့်စားသောက်ဆိုင်မန်ဘာကဒ်

လျန်မုန့်ချီသည် ထိုစကားကိုကြားလိုက်သော်လည်း မည်သို့မျှ စိတ်မရှိပေ။ ရှားရှားပါးပါး နှစ်လိုဖွယ်ကောင်းသည့် ရှက်ရွံ့သည့်အမူအရာတစ်ခု သူမ၏မျက်နှာတွင် ပေါ်လာပြီး အသနားခံသည့် လေသံလေးဖြင့် တောင်းဆိုလိုက်သည်။

"လုပ်ပါ သူဌေးကလည်း... ကျွန်မရှင့်ကိုတောင်းဆိုပါတယ်...ကျွန်မကို နည်းနည်းလေးလောက်ပဲဖြစ်ဖြစ်‌ ကျွေးပါလား နော် နော်။ ရှင်တို့ ၂ ယောက်ကုန်အောင်မစားနိုင်ဘဲ ထားခဲ့လိုက်ရင် အလကားဖြစ်သွားမှာ နှမြောစရာကြီး။ နည်းနည်းလောက် ကျွေးပါလား။ ကျွန်မက အမာခံပရိသတ်ပါ"

"ကျွန်မလည်း အမာခံပရိသတ်တစ်ယောက်ပါ။ သူဌေး ကျွန်မတို့ကို မငြင်းလိုက်ပါနဲ့နော်"

ယူချင်းချင်းသည် အလျင်အမြန် ထောက်ခံလိုက်သည်။

"သူလည်း ဘော့စ် အစ်ကိုကြီးရဲ့ အမာခံပရိတ်သတ်ပါ"

ကျောက်ဒါဟူသည် အနည်းငယ်စိုးရိမ်သော လေသံဖြင့်ပြောသည်။

"အဟမ်း...အဟမ်း"

ကျောက်ဖုန်းသည် ယနေ့ကဲ့သို့အဖြစ်မျိုးရှိလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးသဖြင့် အနည်းငယ်ချောင်းဟမ့်လိုက်သည်။ အလွန်နူးညံသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်"

"မရဘူး!"

ကျန်းဟန်၏ သဘောထားမှာ ပြတ်သားနေဆဲဖြစ်သည်။

ကျန်းဟန် သူတို့အား ငြင်းလိုက်သည်ကို တွေ့လိုက်ရသဖြင့် ကျောက်ဖုန်းမှာ အနည်းငယ် ခံစားချက် ပိုကောင်းလာသည်။ ထို ၃ ယောက်မှာတော့ အနည်းငယ် စိတ်ပျက်ဝမ်းနည်းနေသည်။

အစားအသောက်သမား တစ်ယောက်အတွက် သူတို့အမှန်တကယ်စားချင်နေသည့် အစားအသောက်များကို မစားနိုင်သည်က ဆေးလိပ်စွဲနေသည့်သူ ဆေးလိမ်မသောက်ရသည်နှင့် အတူတူပင်။ မဟုတ်သေးပေ ဒါက နည်းလွန်းသေးသည်။ မူးယစ်ဆေးစွဲနေသူ ဆေးမသုံးရသကဲ့သို့ ဖြစ်သင့်သည်။

ကျန်းဟန်သည် သူတို့၏အမူအရာများကို လျစ်လျူရှုခဲ့သော်လည်း သူ၏ဘေးနားရှိ မင်းသမီးလေးသည် ၎င်းတို့အား မကြည့်နေနိုင်တော့ပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now