အပိုင်း(၅၅)

356 37 0
                                    

အပိုင်း (၅၅) ကျောက်ဖုန်း၏ဇာတ်ကြောင်း

သူ၏စကားကြောင့် ဘေးနားရှိ မိန်းကလေးကို အနည်းငယ်ရှက်ရွံ့သွားစေသည်။ သူမသည် လူငယ်အားကြည့်ကာ

"ဒုံဟမ် စားသောက်ဆိုင်ရဲ့စည်းကမ်းက နင်နဲ့မဆိုင်ဘူးလေ။ စကားပြောရင် အရမ်းမရိုင်းနဲ့"

"ငါကရိုင်းတာလား? ရှောင်ချင်း ငါတို့ကဆိုင်ကိုလာတဲ့ဧည့်သည်လေ။ ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေအတွက် ဧည့်သည်က နတ်ဘုရားလိုပဲ မဟုတ်လား။ ဧည့်သည်တွေ ကိုယ်တိုင်အစားအသောက်ယူရတာ ဒါပထမဆုံးပဲ။ ဒါက ဘာသဘောလဲ။ စားသုံးသူရေးရာအဖွဲ့အစည်းကို တိုင်ကြားဖို့လိုမယ်ထင်တယ်"

လူငယ်သည် လှောင်ပြောင်ကာ ကျန်းဟန်အားပြောလိုက်သည်။

"အိုး"

ကျန်းဟန်၏အမူအရာမှာ နည်းနည်းလေးမှပြောင်းလဲခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

"ဒါဆို သူတို့ဆီကို သွားတိုင်လိုက်ပါ"

ပြောပြီးသည်နှင့် ကျန်းဟန်သည် မုန့်မုန့်ကို ပွေ့ချီပြီး ဆိုဖာဆီသွားလိုက်သည်။

"ရှောင်ချင်း သူ့လုပ်သွားတာကိုကြည့်ပါဦး...."

လူငယ်၏မျက်နှာမှာ မှုန်ကုပ်ကုပ်ဖြစ်နေသည်။

သူ၏အသံမဆုံးခင်မှာပင် လျန်မုန့်ချီသည် အေးစက်စက်ပြောလိုက်သည်။

"အဲဒီ‌တော့ ဘာဖြစ်လဲ။ အပေါက်ဝမှာ ဈေးနှုန်းရော စည်းကမ်းချက်တွေရော ရှိတယ်။ မစားချင်ရင် ထွက်သွားလိုက်။ ဒီမှာ ရုတ်ရုတ်ရုတ်ရုတ် လာလုပ်မနေနဲ့"

"ဟုတ်တယ်။ ဟမ့် သူဌေးရဲ့ အစားအသောက်တွေက လူတိုင်း စားနိုင်တာမဟုတ်ဘူး။ မင်းမကျေနပ်ရင် ထွက်သွားလိုက်"

ကျောက်ဒါဟူသည် ထူးဆန်းသည့်လေသံဖြင့် ပြောနေရင်း ‌ရွှေရောက်ဆံပင်နှင့် လူငယ်ကို မျက်စောင်းထိုးလိုက်သည်။

"ဟားဟား!"

လူငယ်သည် လှောင်ပြောင်လိုက်ပြီး

"မင်းတို့တွေက ဒီလိုလုပ်ဖို့ ပိုက်ဆံပေးထားတဲ့သူတွေဖြစ်မယ်။ ဒါကဘာလဲ။ အမှောင်လောကဆိုင်လား"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now