အပိုင်း(၅၉)

358 31 0
                                    

အပိုင်း(၅၉) အလွန်လက်ရာကောင်းသည့် ဟင်းလျာ

"မင်းတို့မှန်တယ်"
ကျန်းဟန်သည် မုန့်မုန့်၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး
"စိတ်မပူပါနဲ့ နောင်ကျရင် အစားအသောက်တွေက ပိုကောင်းလာလိမ့်မယ်။ ငါအာမခံပါတယ်။ မင်းတို့တစ်ခါမှ မစားဖူးတဲ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးရှိလိမ့်မယ်"

"တကယ်လား သူဌေး။ အဲ့ထဲမှာ ဘာတွေပါလဲ ပြောပြပါလား" လျန်မုန့်ချီနှင့် ကျန်သူများ၏ မျက်လုံးများ တောက်ပလာသည်။

တိတ်ဆိတ်နေသော ကျောက်ဖုန်းပင် ရုတ်တရက် တက်ကြွလာပြီး ကျန်းဟန်ကို တောက်ပသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ဥပမာ သစ်သီးဝလံတွေမှာဆိုရင် သလင်းမက်မွန်သီးတို့ အနီရောင်နှလုံးသားပန်းသီးတို့ ခရစ်တီဂါဘာတယ်သီးတို့ အရသာကိုးပါးအင်မော်တယ်သစ်တော်သီးတို့ ပြီးတော့ မင်းတို့အရင်ကတစ်ခါမှမစားဖူးတဲ့ မှောင်အရိပ်ဝံပုလွေသား၊ အမှောင်ကျားနတ်ဆိုးအသား ၊ အဇူရာနဂါးအသား လိုမျိုး အသားအစုံပဲ။ အနာဂတ်မှာ အဲဒါတွေကိုမြည်းစမ်းဖို့ အခွင့်အရေးရှိနိုင်တယ်။ ဒါပေမဲ့ မကြာခင်မှာတော့ မင်းတို့ ကိုဘေးအမဲသား၊ တိုင်ဟူ အနက်ရောင်ဝက်သားနဲ့ ဝူမူချင် သိုးသားတွေကိုတော့ စားလို့ရတော့မယ်။ ဒီအသားတွေက အဆင့် 5A ကို ကျော်လွန်နေတဲ့ အသားတွေပဲ"
ကျန်းဟန် ဖြည်းညှင်းစွာပြောသည်။

ကျယ်ပြောလှသော စကြာဝဠာကြီးတွင် အစားအသောက်ပါဝင်ပစ္စည်းများ အလုံအလောက်ရှိကာ အရသာရှိသော စားစရာများလည်း အများအပြားရှိသည်။ အချိန်ကာလကြာမြင့်လာပြီး ကျန်းဟန်၏ ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည့်အခါတွင် ၎င်းတို့အား နည်းနည်းပါးပါး မြည်းစမ်းခွင့်ပေးနိုင်သည်။

သို့သော်လည်း သူတို့တွင် ဖြစ်နိုင်ချေသာရှိသည်။ သေချာပေါက်မဟုတ်ပေ။ မုန့်မုန့်သည်တော့ သေချာ‌ပေါက်စားနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဟန်၏သမီးဖြစ်သောကြောင့် သူမ၏အသက်သည် အကန့်အသတ်မရှိ ရှည်လျားနေပြီဖြစ်သည်။

လျန်မုန့်ချီနှင့်အခြားသူများမှာ နောက်ဆုံးတွင် သေမျိုးများသာ မဟုတ်ပါလော။ ကျန်းဟန်သည် ကမ္ဘာမြေမှ ထွက်ခွာရန် အနှစ်တစ်ရာခန့်အချိန်ယူရလျှင် သူတို့ မည်သို့ စောင့်မျှော်နေကြမည်နည်း။ ထိုအချိန်တွင် သူတို့သည် ဟိုးရှေးရှေးတုန်းကဟူ၍ အစချီပြောရသည့် သမိုင်းထဲက အရိုးစုတစ်ခုဖြစ်နေလောက်ပြီဖြစ်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now