အပိုင်း(၆၁)

359 31 0
                                    

အပိုင်း(၆၁)အဖွဲ့ဝင်တွေအတွက်ပဲ

အဆင့်မြင့်၊ အဆင့်နိမ့် အလယ်အလတ်ဟူ၍ ဂျုံမှုန့်အမျိုးအစားများရှိသည်။

အချို့သည် ဖက်ထုပ်လုပ်ရန်သင့်လျော်သည်။ အချို့သည် မုန့်လုပ်ရန် သင့်လျော်သည်။ အချို့မှာ ခေါက်ဆွဲလုပ်ရန်သင့်လျော်သည်။ မုန့်မည်မျှချက်ပြုတ်မည်အပေါ် မူတည်၍ အမျိုးအစားကွဲပြားသည်။

ဂျုံမှုန့်အမျိုးအစား များစွာရှိသော်လည်း လခြမ်းတောင်မှ ထွက်ရှိသည့် ဂျုံမှုန့်မှာ အကောင်းဆုံးဖြစ်သည်။

ကျန်းဟန်သည် ထည့်လိုက်သော ရေပမာဏအတိုင်း ဂျုံမှုန့်၏ အတိုင်းအတာကို ထိန်းချုပ်ပြီး သူလိုချင်သလို ပြုလုပ်နိုင်သည်။ ထို့ပြင် ဂျုံမှုန့်မှာ အလွန်မွှေးသောကြောင့် ၎င်းနှင့်ချက်ပြုတ်ထားသည့် အနံ့အရသာမှာ သံသယဖြစ်စရာမလိုပေ။

"ဖေဖေ သမီး...ဘာလုပ်ရမှာလဲ"
မုန့်မုန့်သည် ဘေးနားမှ ခဏကြာ ကြည့်နေသော်လည်း သူမလေးသည် မည်သို့ဝိုင်းကူလုပ်ရမည်မသိဖြစ်နေသည်။

"မုန့်မု့န့်က ဒီဂျုံလုံးလေးကို အဝိုင်းပြားပြားလေးဖြစ်သွားအောင် ဖိပေးလို့ရတယ်"
ကျန်းဟန်သည် ဖြတ်ထားပြီးသော ဂျုံစိမ်းလုံး(မုန့်ညက်စိမ်း)လေးများကို လက်ညှိုးထိုးပြသည်။

"အွန်း"
မုန့်မုန့်သည် နာခံစွာဖြင့်ပင် သူမလေး၏လက်ကို ဆန့်တန်းကာ ဖိချလိုက်သည်။

"ဒီလိုမျိုးလားဖေဖေ။ အာ...ဒါကို ဖြုတ်လို့မရတော့ဘူး..ဘယ်လိုလုပ်ရမလဲ"

မုန့်မုန့်၏ လက်သေးသေးကို ဖိချလိုက်သည့်အခါ ချက်ချင်းပင် ဂျုံစိမ်းလုံးက သူမလေး၏လက်ဝါးတွင်ကပ်နေသည်။ မုန့်မုန့်သည် လက်ကို မြှောက်လိုက်ပြီး ခဏကြာအောင်ကြည့်နေကာ အားဖြင့် အပေါ်အောက်ခါကြည့်လိုက်သော်လည်း ကွာကျမလာပေ။

"ဟားဟားဟား..."

ကျန်းဟန်သည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ သူငယ်စဉ်ကလည်း ဤသို့သောမြင်ကွင်မျိုးကြုံခဲ့ဖူးသည့်ပုံပင်။

"ဒီမှာ ဖေဖေ သမီးကိုပြမယ်"
ကျန်းဟန်သည် မုန့်မုန့်၏လက်ထဲမှ မုန့်စိမ်းလုံးကို ခွာပေးလိုက်ပြီး သူမလေး၏လက်ဝါးပေါ်သို့ ဂျုံမှုန့်အချို့ဖြူးပေးလိုက်သည်။
"ဂျုံမှုန့်ကို သမီးလက်မှာသုတ်ထားရင် မကပ်တော့ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now