အပိုင်း(၆၃)

345 27 0
                                    

အပိုင်း(၆၃)

"ရပါတယ် ရပါတယ်... ဆရာ ဒီဘက်ကို ကြွပါရှင့်။ ကျေးဇူးပြုပြီး ဒုတိယထပ်ကို တက်ခဲ့ပေးပါ"
ကျန်းဟန်၏စကားကို ကြားသည့်အခါ ဖောက်သည်ကြီးကြီးတစ်ယောက်ရောက်လာပြီ ဖြစ်ကြောင်း မိန်းကလေးသိလိုက်သည်။ ထို့ကြောင့် ကျန်းဟန်အား ဒုတိယထပ်သို့ နွေးထွေးသည့်အပြုံးဖြင့် ကြိုဆိုလိုက်သည်။

"ဆရာ့ရဲ့ သမီးက အရမ်းလှတာပဲ။ သူမရဲ့ဆံပင်လေးကို သပ်သပ်ရပ်ရပ်စည်းထားရင် ပိုကောင်းမယ်ထင်တယ်"
ထိုမိန်းကလေးသည် မုန့်မုန့်ကို ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။

မုန့်မုန့်သည် သူနှင့်အတူရှိနေသည့်ကာလတွင် သူမလေး၏ဆံပင်ကို သဘာဝအတိုင်းပင် အမြဲထားခဲ့သည်။ ကမ်းခြေသို့ သွားခဲ့သည့်အချိန်ကသာ မုန့်မုန့်ကို မြင်းမြီးဆံပင်ပုံစံ စည်းပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မုန့်မုန့်၏လှပသော မျက်နှာလေးနှင့် ပုံမှန်မဆန်သော ဆံပင်ပုံစံကို ထိန်းထားနိုင်ခဲ့သည်။

ကမ္ဘာပေါ်တွင် အကျည်းတန်သည့် ဆံပင်ပုံစံများမရှိသော်လည်း ၎င်းတို့ဆံပင်ပုံစံကို ရုပ်ရည်ဖြင့် ထိန်းမထားနိုင်သူများသာ ရှိသည်။ အချို့သူများသည် ဆံပင်အရှည်ပင်ဖြစ်ဖြစ် ဆံပင်အတိုပင်ဖြစ်စေ အလွန်ကြည့်ကောင်းကြသည်။

အချို့သောသူများသည် ဆံပင်ကောက်ခြင်း၊ သိုမဟုတ် ဆံပင်ဖြောင့်ခြင်း ကဲ့သို့သော ဆံပင်ပုံစံများစွာနှင့် လိုက်ဖက်ခြင်းမရှိပေ။ သူတို့တွင် ဆံပင်ပုံစံအသစ်ပြောင်းပေးလိုက်ပါက မည်သူနှင့်တူသွားမည်နည်း။ ထိပ်ပြောင်သောသူအား ဆံပင်အတုပေးသကဲ့သိုပင်။

မုန့်မုန့်သည်တော့ မျက်နှာမှာ အလွန်ကြည့်ကောင်းပြီး ဆံပင်ပုံစံများအားလုံးကို ရုပ်ကလေးဖြင့်ထိန်းထားနိုင်သည့်အတွက် စတူဒီယိုဝန်ထမ်းများကို လွယ်ကူသွားစေသည်။

"ဒါပေါ့။ ငါ့သမီးက အရမ်းလှတယ်။ သူ့ဆံပင်ပုံစံကို ကြည့်ပါဦး" ကျန်းဟန် ရယ်မောလိုက်သည်။

ချီးကျူးမှုကို ခံယူရသည့်အခါ သဘာဝအတိုင်းပင် မုန့်မုန့်သည် ပျော်ရွှင်နေပြီး သူမလေးသည် သီချင်းတစ်ပုဒ်ကိုပင် ညည်းလိုက်သေးသည်။ နေ့လည်ခင်းတွင်တော့ မုန့်မုန့်၏ဆံပင်ပုံစံမှာ အလွန်ပြောင်းလဲသွားပြီး သူမလေး၏ တစ်ဦးတည်းဓာတ်ပုံ ၁၀ ပုံရိုက်ခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now