အပိုင်း(၆၄)

348 27 0
                                    

အပိုင်း(၆၄)

စွန်းဒုန်ဟမ်သည် ထိုနေရာတွင် မိနစ်အနည်းငယ်ကြာ ရပ်နေပြီးနောက် စားသောက်ဆိုင်ထဲသို့ ဧည့်သည်သုံးဦးရောက်လာသည်။

"ဟေး.ဟေး.ဟေး! ဘယ်သွားကြတာလဲ? အဲဒါ အဖွဲ့ဝင်တွေပဲ ထိုင်တဲ့နေရာ။ စားချင်ရင် ငါ့နောက်မှာ လာတန်းစီကြ"
စွန်းဒုန်ဟမ်သည် ချက်ချင်းပင် ထိုသုံးယောက်ဆီသို့ လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။

"အဖွဲ့ဝင်က လေးယောက်ပဲရှိတာမဟုတ်လား။ ဟိုမှာ စားပွဲသုံးလုံးတောင်ရှိတယ်။ သူတို့ တစ်ခုံထိုင်ရင် စားပွဲလွတ် ၂ လုံးကျန်သေးတယ်" သူတို့ထဲမှ တစ်ယောက်သည် တွန့်ဆုတ်စွာဖြင့် ပြန်ပြောသည်။

"လွတ်နေတယ် ဆိုရင်တောင် အဖွဲ့ဝင်မဟုတ်ရင် အဲ့ထိုင်ခုံတွေမှာ ထိုင်လို့မရဘူး။ ငါဒီမှာ ရပ်နေတာ မတွေ့ဘူးလား" စွန်းဒုန်ဟမ်သည် မကျေမနပ်နှင့် ကြွပ်ဆတ်ဆတ်ပြန်ပြောလိုက်သည်။

"အင်း"
ထိုလူခေါင်းကို အနည်းငယ်ညိတ်ပြပြီး စွန်းဒုန်ဟမ်နောက်တွင် ရပ်လိုက်သည်။

ထိုသူသည် ယခင်က လာစားဖူးသော်လည်း သူ၏အဖော်များသည်တော့ မစားဖူးကြသေးပေ။ ခပ်ပိန်ပိန်လူတစ်ယောက်သည် မျက်မှောင်ကြုတ်၍ ပြောသည်။

"သာမန်ဧည့်သည်တွေအတွက် စားပွဲသုံးလုံးပဲ ရှိတယ်။ ဒါက နည်းနည်း ချဲ့ကားလွန်းတယ် မဟုတ်လား? အစ်ကိုလျို ဒီနေရာက သာမန်ပဲထင်ပါတယ်။ ငါတို့ အဲဒီ ကြာညို့ရိုးစံအိမ်မှာ သွားစားကြမလား"

"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ"
ထိုလူသည် ပြန်ဖြေလိုက်သည်။
"မင်းကိုပြောလိုက်မယ် ဒီက ကြက်ဥထမင်းကြော်ကို မစားလိုက်ရရင် မင်းတစ်သက်လုံး နောင်တရနေလိမ့်မယ်"

"ဒါက သက်သက်ချဲ့ကားလွန်းတာပဲ။ ကြက်ဥထမင်းကြော်စားရတဲ့ အဓိကအချက်ကဘာများလဲ"
သူ၏အဖော်သည် လှောင်ပြောင်လိုက်သည်။ သူ၏စကားတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ရှိနေသည်။

"ဟား..ဟား..ဟား"
စွန်းဒုန်ဟမ်သည် လှည့်ကြည့်ကာ အေးစက်စွာရယ်မောရင်း
"အရင်တုန်းက ငါလည်း မင်းနဲ့တူညီတဲ့အတွေးမျိုး ရှိခဲ့ဖူးတာပဲ။ ဒါပေမဲ့ ဘာဖြစ်သွားလဲ? ငါနောက်ဆုံးတော့ အရှုံးပေးခဲ့ရတာပဲမလား? ငါပြောလိုက်မယ်...ဒီကကြက်ဥထမင်းကြော်စားရတာက ကောင်းချီးတစ်ခုပဲ။ မစားချင်ရင် ထွက်သွားလိုက် ။ ငါ့နောက်မှာ ဆူဆူညံညံအသံတွေမကြားချင်ဘူး"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now