အပိုင်း(၆၅)

354 28 0
                                    

အပိုင်း(၆၅)

"မင်းဘာသောက်ချင်လဲ?"
ကျန်းဟန်ပြုံးလိုက်ပြီး ရေခဲသေတ္တာကိုဖွင့်ကာ ပြောလိုက်သည်။

ရေခဲသေတ္တာထဲတွင် ဘီယာမျိုးစုံနှင့် အချိုရည်အချို့ပြည့်နေသည်။

ကျန်းဟန်သည် အဖျော်ယမကာများ သောက်ရန်အစီအစဉ်မရှိသော်လည်း အချို့ကို ‌‌ရေခဲသေတ္တာထဲထည့်ထားလိုက်သေးသည်။ သို့သော် တစ်ခါတစ်ရံ ဘီယာအနည်းငယ်ကို သောက်သုံးခြင်းက စိတ်ဝင်စားဖို့တော့ ကောင်းပေသည်။

"ဘာပဲဖြစ်ဖြစ်"
ကျောက်ဖုန်း ပြုံး၍ ပြန်ပြောလိုက်သည်။

ထို့ကြောင့် ကျန်းဟန်သည် ဘီယာလေးဘူးကို ထုတ်ယူလိုက်သည်။ လေးဘူးလုံးမှာ ဘူးကြီးများဖြစ်ကြ၏။ လှည့်ကြည့်လိုက်သည့်အခါ မုန့်မုန့်မှာ ကာတွန်းကားကို စိတ်ဝင်တစားကြည့်နေသောကြောင့် ကျန်းဟန် လွတ်လွတ်လပ်လပ်နေနိုင်ပေသည်။

ဘီယာများကို ယူလာပြီး ထိုင်လိုက်ကြကာ စကားစမြည်ပြောနေကြသည်။

"ဘာဖြစ်နေတာလဲ? မင်းစိတ်ထဲမှာ တစ်ခုခုရှိနေတယ်မလား?"
ကျန်းဟန် ဘီယာတစ်ကျိုက်သောက်လိုက်ပြီး ပြောလိုက်သည်။

"ငါလည်း အဲ့လိုထင်တာပဲ...."
ကျောက်ဖုန်း အနည်းငယ် ခေါင်းယမ်းလိုက်ပြီး သူ၏အကြည့်များက ခါးသီးမှုများ ပြည့်နေသည်။

မနေ့ညက တောင်ပိုင်းခရိုင်၏ ပင်လယ်ကမ်းစပ်တွင် တံငါသည်တစ်ဦးသည် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။ တရားဝင်အတည်ပြုပြီးနောက် သေဆုံးသူသည် ထန်ကျန့်၏အပျော်မယား ဖြစ်ပြီး ကျောက်ဖုန်း စွန့်စား၍ ပူးပေါင်းခဲ့သည့် မိန်းကလေးဖြစ်သည်။

ကျောက်ဖုန်းသည် တစ်နှစ်ခွဲကြာ ကြံစည်ခဲ့ပြီးနောက်တွင် သက်သေစုဆောင်းရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထန်ကျန့်သည် သူ့အား သတိထားနေသောကြောင့် ကျောက်ဖုန်းမှာ ဘာပဲလုပ်လုပ် အလွန်ခက်ခဲသည့်အခြေအနေဖြစ်နေသည်။

"သူဌေး ငါ မင်းကို တကယ်မနာလိုတာပဲ"
ကျောက်ဖုန်း အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
"မင်းမှာ ဒီလို ချစ်ဖို့ကောင်းတဲ့သမီးလေးနဲ့ နွေးထွေးတဲ့ဘဝမျိုး ပိုင်ဆိုင်ထားရတာ အရမ်းကောင်းတယ်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now