အပိုင်း(၆၆)

348 30 0
                                    

အပိုင်း(၆၆)

လွန်ခဲ့သည့်နှစ်လက စွန်းဒုန်ဟမ်သည် တက္ကသိုလ်မှ ဘွဲ့ရခါနီးတွင် ရန်ပွဲတစ်ခု‌ေကြာင့် ကျောင်းထုတ်ခံခဲ့ရသဖြင့် စွန်းမင် အလွန်ဒေါသထွက်ခဲ့သည်။ ထိုကိစ္စအတွက် စွန်းမင်သည် မကြာခဏ စွန်းဒုန်ဟမ်အား ဆူပူလေ့ရှိပြီး သူ၏သားကို တက္ကသိုလ်ပြန်၍တက်နိုင်ရန် နည်းလမ်းများစွာရှာဖွေရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

"ကျွန်တော်ရိုက်လိုက်တဲ့ အဲဒီခွေးမသားရဲ့ အဖေက ကျောင်းရဲ့ဒါရိုက်တာဖြစ်နေလို့မဟုတ်လား။ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ကောင်မလေးကို အနိုင်လာကျင့်နေတာကို‌တော့ သည်းမခံနိုင်ဘူး!"
စွန်းဒုန်ဟမ် ပြန်၍ ငြင်းလိုက်သည်။

"ကောင်မလေး ကောင်မလေး ကောင်မလေးနဲ့ မင်းမှာ ကောင်မလေး ဘယ်နှယောက်တောင်ရှိလဲ ဟမ် မင်းမှာ ရည်မှန်းချက်မရှိဘူးလား? မင်းသိတာ ဘာရှိလဲ? အနာဂတ်မှာ မင်းဘာလုပ်နိုင်မှာလဲ? မင်းဘာလုပ်နိုင်မှာလဲ?"
စွန်းမင် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

သူ၏စီးပွားရေးလုပ်ငန်းမှာ ကောင်းမွန်စွာ တိုးတက်လာသော်လည်း သူ၏မိသားစုတွင် သားတစ်‌ယောက်သာရှိသောကြောင့် စွန်းဒုန်ဟမ်သည် သူ၏စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဤအကောင်သည်ကား တက္ကသိုလ်တွင် စာကောင်းကောင်းမသင်ဘဲ ဂိုဏ်းထဲတွင် တစ်နေကုန် လူမိုက်လုပ်နေသည်။ ၎င်းက စွန်းမင်ကို စိတ်ပျက် ဒေါသထွက်စေသည်။

"ကျွန်တော် ဘာလုပ်လုပ် ခင်ဗျားကိစ္စမဟုတ်ဘူး!"
စွန်းဒုန်ဟမ်သည် သူ၏သွားများကို တင်းတင်းစေ့လိုက်ပြီး ခေါင်းလှည့်၍ ခပ်ကြမ်းကြမ်းလေသံဖြင့်
"အမေ့ ကျွန်တော် ပိုက်ဆံ ရှစ်သိန်းလိုချင်တယ်"

"မင်းငါ့ကို မလိုအပ်ဘူးဆိုပြီး အခုပိုက်ဆံတောင်းနေတာလား?" စွန်းမင်သည် စားပွဲကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်။

"ကျွန်တော် အမေ့ကို ပိုက်ဆံတောင်းတာ ခင်ဗျားကို မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို ပိုက်ဆံတောင်းဖူးလို့လား?"
စွန်းဒုန်ဟမ်သည် ဒေါတကြီး မတ်တပ်ထရပ်ပြီး ပြန်ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now