အပိုင်း(၆၇)

337 29 0
                                    

အပိုင်း(၆၇)

ထိုအချိန်တွင် ကျန်းဟန်သည် မုန့်မုန့်အားချီ၍ စန္ဒယားဘေးရှိဆိုဖာလေးပေါ်သို့ တင်ပေးလိုက်ပြီး စန္ဒယားနှစ်ပုဒ်တီးရန် ပြင်သည်။

"သူဌေး ပိုက်ဆံရှင်းမယ်"
စွန်းအမေသည် ညင်သာစွာပင်ပြောလိုက်သည်။

"ကောင်တာပေါ်တင်ထားခဲ့ပါ"
ကျန်းဟန်သည် ပေါ့ပေါ့ပါးပါးပင် ဘက်ဝှေ့ယမ်းပြလိုက်ည်။

"ငါတို့ မန်ဘာကတ်အတွက် စာရင်းပေးချင်သေးတယ်"
စွန်းအမေပြောလိုက်သည်။

"အင်း"
ကျန်းဟန်ခေါင်းညိတ်ပြလိုက်ပြီး လျှောက်လာသည်။ အံဆွဲထဲမှ သူ၏ဘဏ်ကတ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
"ငွေလွှဲပြီးရင် ပေးပါမယ်"

"ကောင်းပါပြီ တစ်ခုလောက်မေးချင်လို့ အဖွဲ့ဝင်ကတ်တစ်ကတ်ကို လူသုံးယောက်စားလို့ရမလား"
စွန်းအမေသည် သူမ၏ဖုန်းကို ထုတ်လိုက်ရင်းမေးသည်။

"မရဘူး"

"ဒါဆို...အဖွဲ့ဝင်တွေအတွက်အစားအသောက်က ဘယ်လိုဟာမျိုးတွေလဲ ပြီးတော့ ဘယ်အချိန်မှာ ပိုပြီးအရသာရှိတာတွေ စားလို့ရမလဲ?"
စွန်းအမေသည် ထပ်မေးလိုက်သည်။

"မသေချာသေးဘူး"

"အဖွဲ့ဝင်တွေအတွက် ကြိုတင်စာရင်းပေးလို့ရလား? တစ်နေ့တာအတွင်း တခြားအချိန်တွေမှာရော စားလို့ရလား?"
စွန်းအမေသည် အနည်းငယ်ချီတုံချတုံဖြစ်နေသည်။ ဤစားသောက်ဆိုင်သည် မြေအောက်လောက စားသောက်ဆိုင်ဖြစ်နိုင်သည့်ပုံရှိသည်။ အစားသောက်များသာ အမှန်တကယ်အရသာရှိနေသည်မဟုတ်ပါက စွန်းအမေသည် လှည့်ထွက်သွားပြီ ဖြစ်သည်။

"ကြိုတင်စာရင်းပေးတာတွေ လက်မခံပါဘူး။ ဆိုင်ဖွင့်ချိန်က အပေါက်ဝမှာရေးထားတယ်။ တစ်ချို့အချိန်တွေမှာတော့ မဖွင့်တာလည်း ရှိနိုင်တယ်"
ကျန်းဟန် ရိုးရိုးသားသားပင် ပြန်ပြောလိုက်သည်။

"ဒါက..."
စွန်းအမေ၏ အမူအရာမှာ အေးခဲသွားသည်။

"အိုက်ယား...အမေ့ သူဌေးရဲ့ အဖွဲ့ဝင်တွေအတွက်အစားအသောက်တွေက ပိုပြီးအရသာရှိတာပေါ့။ အိမ်မှာ ပုံမှန်ချက်တဲ့ ဟင်းတွေနဲ့ ဖက်ထုပ်တွေလည် ချက်ဖူးတယ်။ တကယ်ကို အရသာရှိတာ။ နောက်ကျရင် ပိုပြီး အရသာရှိတာတွေ ချက်ပြုတ်ဦးမှာလို့ သူဌေးကပြောတယ်။ ပထမဆုံး ၁၀ ယောက်ပဲ ဈေးသက်သက်သာသာနဲ့ရတာနော်"
စွန်းဒုန်ဟမ်သည် အနည်းငယ် စိတ်မရှည်သည့်လေသံဖြင့်ပြောသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now