အပိုင်း(၆၉)

353 31 0
                                    

အပိုင်း(၆၉)

ကျန်းဟန်သည် ကားကိုဝယ်ရန် ဆုံးဖြတ်လိုက်စဉ်က ရှောင်ယွမ်သည် သူ့အား အနည်းငယ်သာပိုက်ဆံရှိသူဟု ထင်မှတ်လိုက်သောကြောင့် စိတ်ရှုပ်သွားသည်။ သို့သော် ယခု သူသည် ကားကို ပြင်ဆင်မွမ်းမံသည့်အကြောင်းပြောလိုသည့်အခါမှသာ ငွေမည်မျှပင်ကုန်ကျသည်ဖြစ်စေ သူမရောင်းချထားသည်ဖြစ်သ‌ရွေ့ သူမ၏ စွမ်းဆောင်မှုအဖြစ်သတ်မှတ်မည်ဖြစ်သည်။

၎င်းကိုတွေးကြည့်လိုက်သည့်အခါ သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ငွေသည် ငွေသာဖြစ်ပေသည်။ သို့သော် ရုတ်တရက်ကြီး အံ့အားသင့်စရာဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပေ။

"ကားရဲ့ ပုံသဏ္ဍာန်ကို နည်းနည်းပြောင်းလို့ရတယ်။ ပန်ဒါတစ်ကောင်ပုံစံ၊ ချစ်ဖို့ကောင်းရမယ်၊ အင်ဂျင်၊ အတွင်းခန်း စသဖြင့်ပေါ့။ အကောင်းဆုံးဆိုတာကို လိုချင်တယ်"
ကျန်းဟန် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"အကောင်းဆုံး..."
ပြင်ဆင်မည့် ကျွမ်းကျင်ပညာရှင်သည် အနည်းငယ်စဉ်းစားလိုက်ပြီး ကျန်းဟန်၏မျက်နှာကိုကြည့်ကာ ချိတုံချတုံလေသံဖြင့် ပြောသည်။
"အင်ဂျင်ဆိုရင်တော့ Audi A8L ကို ပြန်အစားထိုးလို့ရပေမယ့် ဈေးနှုန်းကတော့..."

"ဈေးက အရေးမကြီးဘူး။ ကျွန်တော်လိုချင်တာ ဒီကားရဲ့ အသွင်အပြင်ပဲ။ အကောင်းဆုံးပုံစံကိုပဲ လိုချင်တယ်။ ဒါကြောင့် အခုပဲ စာရင်းလုပ်လိုက်ပါ"
ကျန်းဟန်ပြောလိုက်၏။

"ကောင်းပြီ ခဏစောင့်ပေးပါ။ သခင်လေးအတွက် အခု ချရေးလိုက်မယ်"
ကျွမ်းကျင်ပညာရှင်၏ မျက်လုံးများ တောက်ပလာသည်။ ဘောပင်တစ်ချောင်းကို ကောင်ကိုင်ကာ စတင်ရေးချတော့လေ၏။

၁၅ မိနစ်အကြာတွင် ကျန်းဟန်၏ မျက်စိရှေ့မှောက်တွင် စာရင်းတစ်ခု ချထားလိုက်သည်။ ရှောင်ယွမ်သည်လည်း ၎င်းကို ဘေးမှ ငုံကြည့်လိုက်ရာ ထိုရှုပ်ထွေးသော အစိတ်အပိုင်းများကို အမှန်တကယ် နားမလည်သော်လည်း စာရင်း၏အဆုံးတွင် ကျသင့်ငွေကို ၁၇ သိန်း ဟု ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now