အပိုင်း(၇၀)

383 29 4
                                    

အပိုင်း(၇၀)

ပထမတွင် အလွန်စိတ်မရှည်ဖြစ်နေကြသည့် လူအနည်းငယ်ရှိသော်လည်း အလွန်ချစ်စရာကောင်းပြီးလှပသည့်မင်းသမီးလေးကိုတွေ့လိုက်ရပြီးနောက်တွင် သူတို့၏စိတ်ထဲမှ စိတ်မရှည်မှုများမှာ တဖြည်းဖြည်းလွင့်ပြယ်သွားကြသည်။

လူတိုင်းသည် အလှအပကို မြတ်နိုးကြပြီး မုန့်မုန့်သည် သူတို့တွေ့ဖူးသမျှတွင် အလှပဆုံးနှင့်ချစ်စရာအကောင်းဆုံး ကလေးမလေးဖြစ်သည်။ သူမလေးကိုတွေ့လိုက်သည့်အချိန်တိုင်း သူတို့၏ခံစားချက်များကို ပိုမိုကောင်းမွန်စေသည်။

ကျန်းဟန် တံခါးဖွင့်လိုက်သည့်အချိတ်တွင် တန်းစီနေသည့် လူများမှာသည် စိတ်ဆန္ဒစောကာ ပြောလိုက်ကြသည်။

"တစ်ဆိတ်လောက် ကျွန်တော်တို့ နေ့လည် ၂ နာရီကျရင် အလုပ်သွားရမှာပါ။ ကျွန်တော်တို့ အချိန်မလောက်လို့ ပါဆယ်ယူသွားလို့ရမလားမသိဘူး?"

ကျန်းဟန် ၎င်းကိုကြားသည့်အခါ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ"

ယခုမှသာ လူတိုင်း စိတ်သက်သာရာရသွားကြသည်။

အစကတည်းက ကြက်ဥထမင်းကြော်တစ်ပွဲလျှင် ယွမ် ၃၀၀ မှာ လူအများစုအတွက် အလွန်‌ဈေးကြီးနေပြီးသားဖြစ်သည်။ ထို့ပြင် အလုပ်နောက်ကျနေသောကြောင့် သူတို့၏လစာများ အဖြတ်ခံရမည်ကို စိုးရိမ်ခဲ့ကြသည်။ ကံကောင်းစွာဖြင့်ပင် သူတို့သည် ထမင်းကြော်ကို ဝယ်ပြီး ပါဆယ်ယူသွားနိုင်သည်။

စားသောက်ဆိုင်ထဲသို့ဝင်လာပြီးနောက် လျန်မုန့်ချီ၊ ကျောက်ဖုန်းနှင့် အခြား ၂ ယောက်သည် စားပွဲတစ်လုံးတွင် အတူတူထိုင်လိုက်ကြသည်။ စွန်းဒုန်ဟမ်နှင့် စွန်းအမေတို့သည်တော့ ဘေးစားပွဲတွင် ထိုင်လိုက်ကြ၏။

"သူဌေး ရှင်ဘယ်တွေသွားနေတာလဲ? ဘာလို့ အရမ်းနောက်ကျမှ ပြန်လာရတာလဲ?"
လျန်မုန့်ချီသည် သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။

"ငါ ဓာတ်ပုံဘောင်သွားဝယ်တာ"

ကျန်းဟန်ပြုံး၍ ပြန်ပြောလိုက်ပြီး ဓာတ်ပုံဘောင်များကို ဘေးတွင် ပေါ့ပေါ့ပါးပါး ချထားလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now