အပိုင်း(၇၁)

350 27 0
                                    

အပိုင်း(၇၁)

ယူချင်းချင်းနှင့်အခြားသူများ ခဏလောက် တိုင်ပင်လိုက်ကြပြီး ကျန်းဟန်နှင့် လခြမ်းတောင်သို့ လိုက်သွားကြရန် ဆုံးဖြတ်လိုက်သည်။

ကျန်းဟန်သည် မုန့်မုန့်အား ကစားရန်သင့်တော်သည့် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ပေးလိုက်ပြီးချိန်တွင် သူ၏ဖုန်းမှမြည်လာခဲ့သည်။ ဖုန်းကိုထုတ်ကြည့်လိုက်သည့်အခါ ကျန်းလီခေါ်ဆိုသည်ကို တွေ့လိုက်ရသည်။

"အစ်ကို မနက်ဖြန် ည ၇ နာရီ ၈ နာရီလောက်ကျမှ ငါ နင့်ဆီလာမယ်။ နေ့ခင်းပိုင်းမှာ ငါ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဈေးဝယ်ထွက်စရာ ရှိသေးလို့"
ကျန်းလီ ပြောလိုက်သည်။

"ကောင်းပြီ"

"အဲ့ညကျရင် နင် ငါ့အတွက် အရသာရှိတာတွေ ချက်ပေးရမှာနော်။ နင့်ရဲ့ ဟင်းချက်စကေးက မီးဖိုချောင်လူသတ်သမား ဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါ ကြည့်ကြည့်ဦးမယ်...ဟဟ"
ကျန်းလီ ရယ်၍ ပြောသည်။

"ငါမနက်ဖြန်ကျရင် နင့်အတွက် ခမ်းခမ်းနားနားညစာစားပွဲတစ်ခု ပြင်ပေးထားမယ်။ အိုး ဟုတ်သားပဲ မုန့်မုန့်ရဲ့အမေလည်း မနက်ဖြန်ပြန်လာမှာ။ သူမက ည ၁၀ နာရီလောက်မှ ရောက်လိမ့်မယ်။ ငါတို့ ညစာအတူတူစားကြတာပေါ့"
ကျန်းဟန်ပြောလိုက်သည်။

"တကယ်လား?"
ကျန်းလီ အနည်းငယ် အံဩသွားပြီး
"ဒါဆို ငါ့ရဲ့ ယောင်းမကို တွေ့ရဖို့ အချိန်ရောက်လာပြီပေါ့။ ငါနင့်ကို နောက်ဆုံးအကြိမ် မေးတုန်းက ဝေ့လည်ကြောင်ပတ်လုပ်နေပြီး လျှို့ဝှက်ဆန်းကြယ်နေသေးတယ်။ ငါ့ယောင်းမဖြစ်လာခဲ့ပြီး မုန့်မုန့်လို ချစ်စရာကောင်းတဲ့ ကလေးမလေးကို မွေးပေးခဲ့တဲ့သူကို ငါကိုယ်တိုင်ပဲ ကြည့်ရတော့မယ်"

"သူမက မင်းရဲ့ယောင်းမ မဟုတ်သေးဘူး။ ဒါကြောင့် သူမရှေ့မှာ မပြောမိစေနဲ့"

ကျန်းဟန် ပြန်ပြောလိုက်သည်။ သူက ပြဿနာမရှိသော်လည်း ဇီယန်မည်သို့တွေးနေသည်ကို သူမသိပေ။

"အိုး..ငါနားလည်ပြီ။ ဒါဆို သူမက ဘယ်သူလဲဆိုတာ ငါ့ကိုပြောပြလို့ရမလား?" ကျန်းလီ သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now