အပိုင်း(၇၂)

342 34 0
                                    

အပိုင်း(၇၂)

"အင်း"

ကျန်းဟန် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ကျောက်ပုဇွန်၊ ပုဇွန်တုပ်၊ ဘာဆယ်ပုဇွန် စတဲ့ ပုဇွန်အမျိုးအစားတွေနဲ့ တခြား ကဏန်းအမျိုးအစားတွေလည်း ဒီမှာ မွေးဖို့ရှိဦးမယ်။ ကျောက်ဖုန်း အဲဒီ ဇွန်သားပေါက်တွေ ဘယ်မှာဝယ်လို့ရလဲ မင်းသိလား?"

"ပုဇွန်သားပေါက်တွေလား?"

ကျောက်ဖုန်း၏ မျက်လုံးများ တောက်ပလာပြီး

"ဟန် မင်းဒီမှာ ငါးမွေးဖို့ စီစဉ်ထားတာလား? ...ဒီရေကန်က ရေချိုလား ရေငန်လား? ရေငန်ဆိုရင် ပင်လယ်ငါးတချို့မွေးလို့ရပေမဲ့ ရေချိုဆိုရင်တော့ ရေချိုငါးတွေပဲ မွေးလို့ရမှာ"

"ငါ့ရဲ့ ဒီရေကန်က ဘာပဲဖြစ်ဖြစ် အကုန်မွေးလို့ရတယ်" ကျန်းဟန် ပေါ့ပေါ့ပါးပါးပင် ပြုံး၍ ပြောလိုက်သည်။

"အာ..."

ကျောက်ဖုန်း၏ မျက်နှာကြွက်သားများ တုန်လှုပ်သွားကာ တခြား ဘာမှပြန်မပြောပေ။

တောင်ပေါ်တွင် ခွေးများ၏ခြိမ်းခြောက်မှုကိုပင် သူခံစားနိုင်သဖြင့် သာမာန်အသိဖြင့် ဤနေရာကို ဆုံးဖြတ်၍မရနိုင်ကြောင်း သိပေသည်။ ကျောက်ဖုန်းသည် ရေချိုငါးများနှင့် ပင်လယ်ငါးများကို ရေကန်တစ်ခုတည်းတွင် မွေးမြူနိုင်သည်ဟု ယုံကြည်ရန်မှာ အနည်းငယ် မဖြစ်နိုင်သေးပေ။

ဟန်က ငါးမွေးဖို့ပြင်နေတာပေါ့။ ငါတို့ မကြာခင် ငါးဟင်းစားနိုင်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်လား?

ကျောက်ဖုန်းသည် ‌နောက်ဆုံးတွင် သဘောပေါက်သွားပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့်

"ဟန် ငါးမျိုးသားပေါက်ကိစ္စကို ငါ့ကိုအပ်ထားလိုက်"

"အင်း"

ကျန်းဟန် ခဏ‌လောက်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ ဒါဆို ငါမင်း ဒီကိစ္စ ဒုက္ခပေးရတော့မှာပေါ့"

စကားပြောနေစဉ်တွင် ကျန်းဟန်သည် သူ၏လက်ကိုမြှောက်လိုက်ပြီး ကျောက်ဖုန်း၏ပုခုံးကို အသာအယာပုတ်လိုက်သည်။ ဤအပြုအမူမျိုးက အကြီးအကဲတစ်ယောက်က ဂျုနီယာတစ်ယောက်အား အားပေးသည့်ပုံ သို့မဟုတ် အဆင့်အတန်းမြင့်သူတစ်ယောက် အဆင့်အတန်းနိမ့်သူတစ်ယောက်အား အားပေးသည့်ပုံစံပေါက်နေသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now