အပိုင်း(၇၃)

352 38 0
                                    

အပိုင်း(၇၃)

မိမိ၏သားသမီးကို တစ်စုံတစ်ရာထွန်းပေါက်အောင်မြင်စေချင်သည်က မိဘတိုင်း၏ နှလုံးသားထဲတွင်ရှိသည့် ဆန္ဒပင်ဖြစ်ပေသည်။

သို့သော် အမှန်တကယ်တွင်မူ ‌အောင်မြင်သည့်လူတစ်‌ယောက်မဖြစ်လာလျှင် သို့မဟုတ် ငွေကြေးချမ်းသာခြင်း မရှိလျှင်ပင် သူတို့ ကြီးကြီးမားမားစိတ်ခုကြမည် မဟုတ်ပေ။ အသက်ကြီးလာသည့်အခါ သူတို့၏ကလေးများ ဘေးကင်းလုံခြုံပြီး မကြာခဏအိမ်ကို အလည်ပြန်လာလျှင်တွင်ပင် မိဘများသည် ပျော်ရွှင်ကြပေလိမ့်မည်။

ဤအခိုက်အတန့်တွင် စွန်းဒုန်ဟမ်၏ကလေးဘဝ၊ ငယ်ရွယ်မှု အစရှိသဖြင့် ပုံရိပ်များမှာ စွန်းမင်၏စိတ်ထဲတွင် လွင့်ပျံသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒုန်ဟမ်က ကြီးပြင်းလာခဲ့ပြီ...

စွန်းမင်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စွန်း‌ဒုန်ဟမ်ကို ခေါင်းလှည့်ကြည့်၍ အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

"ဒုန်ဟမ် မင်းက မိသားစုထဲမှာ ယောက်ျားတစ်ယောက်ပဲ။ မင်းအပေါ် အဖေ့ရဲ့အပြုအမူက ဆိုးရွားခဲ့တယ်။ ဒါက အဖေ့ရဲ့အမှားပဲ။ ဒါပေမဲ့ အဖေက မင်းကို အသုံးကျတဲ့လူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ပြီး မင်းကို လူကောင်းတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ မင်းကို ခုလိုအခြေအနေမျိးမှာ မြင်ရတာက အဖေ့ကို စိုးရိမ်စေတယ်"

စွန်းဒုန်ဟမ်သည် ထိုစကားကို ကြားပြီးနောက် သူ၏မျက်လုံးများတွင် လေးနက်လာပြီး သူ၏နှလုံးသားမှာ တုန်လှုပ်သွားသည်။

အဖေက သူမှားကြောင်း အမှန်တယ် ဝန်ခံခဲ့သည်ကို မယုံကြည်နိုင်ခဲ့ပေ။

ထိုအခိုက်အတန့်တွင် စွန်းဒုန်ဟမ်၏နှလုံးသားမှာ ရှုပ်ထွေးလာပြီး ဆံပင်များ ဖြူစပြုနေပြီဖြစ်သော အဖေဖြစ်သူကို ကြည့်ကာ သူ၏မျက်လုံးများသည် ချက်ချင်းပင် စိုစွတ်လာခဲ့သည်။

ခေါင်းကို အလျင်အမြန်ငုံလိုက်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ရင်ခေါင်းသံကြီးဖြင့် ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now