အပိုင်း(၇၆)

348 32 0
                                    

အပိုင်း(၇၆)

မန်နေဂျာသည် တံခါးဝရောက်ပြီးသည့်နောက်မှ နောက်ပြန်လှည့်လာသည်။ သူသည် ထိုနှစ်ယောက်အား မျက်မှောင်ကြုတ်ကြည့်လျက် အေးစက်စက် ပြောလိုက်သည်။

"စီးပွားရေး လုပ်တဲ့အခါမှာ အမြဲတမ်း ရိုးသားမှုက လိုအပ်တယ်။ ဒီလိုမျိုး လိမ်လည်လှည့်ဖျားတာမှုမျိုးက ဒီအလုပ်မှာ ‌ရေရှည် မသင့်တော်တော့ဘူး။ ကောင်တာမှာ မင်းတို့ရဲ့ လစာကို သွားပြီးစစ်ဆေးကြည့်လိုက်ပါ။ မင်းတို့နှစ်ယောက်လုံးကို ထုတ်လိုက်ပြီ!"

၎င်းကို ကြားသည်နှင့် သူတို့နှစ်စလုံး၏အမူအရာများမှာ ပြောင်းလဲသွားသည်။ သူတို့ တစ်စုံတစ်ရာပြောချင်သော်လည်း မန်နေဂျာသည် သူတို့အား အခွင့်အရေးမပေးဘဲ ခြေလှမ်းကျဲကြီးများဖြင့်‌ လျှောက်ထွက်သွားသည်။

ကျန်းဟန်၏စားသောက်ဆိုင်သို့ရောက်သည့်အခါ မန်နေဂျာ၏အမူအရာမှာ အနည်းငယ် ခါးသီးစွာဖြင့်

"သူဌေး ကျွန်တော် တကယ်တောင်းပန်ပါတယ်။ မီးဖိုချောင်က ဝန်ထမ်းအသစ်နှစ်ယောက် တစ်ကောင်လဲထားလိုက်တာ ကျွန်တော် မသိလိုက်ဘူး"

"ကျွန်တော် သူတို့နှစ်ယောက်လုံးကို ထုတ်လိုက်ပါပြီ။ ဒါက လုံးဝလက်မခံနိုင်စရာပါ။ သူတို့ ဒီလိုမျိုးလုပ်လိမ့်မယ်လို့ ကျွန်တော် လုံးဝမယုံနိုင်ခဲ့ဘူး"

"အဲဒီစားသောက်ဆိုင်က ဝန်ထမ်းတွေကို တကယ်စိတ်ပျက်သွားပြီ!"

"..."

"ဟင်း....ကျွန်တော် အဲဒီမှာ လုံးဝအလုပ်ထပ်မလုပ်နိုင်တော့ဘူး"

"အဟွတ် အဟွတ်... သူဌေး ကျွန်တော့်ကို ပြန်စဉ်းစားပေးလို့ရမလား..."

မန်နေဂျာသည် ပထမက ဒေါသတကြီးဖြင့် စကားအနည်းငယ်ပြောခဲ့သော်လည်း သိပ်မကြာခင်မှာပင် လေထုက တဖြည်းဖြည်းပြောင်းလဲသွားပြီး ဤဆိုင်တွင် အလုပ်လုပ်ချင်သည့် သူ၏ဆန္ဒကို ထပ်မံ ဖော်ထုတ်လိုက်သည်။

သို့သော်လည်း ကျန်းဟန်သည် ခေါင်းယမ်းကာ သူ့အား ငြင်းလိုက်သည်။ ခဏကြာပြီးနောက်တွင် မန်နေဂျာသည် လက်လျှော့သွားကာ သူ၏ခေါင်းကို အကူအညီမဲ့စွာ ယမ်းလိုက်ပြီး ပြန်ရန် လှည့်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now