အပိုင်း(၇၈)

336 31 0
                                    

အပိုင်း(၇၈)

"ဟုတ်ပါတယ် ဟုတ်ပါတယ် သမီးရဲ့ဖေဖေက အကောင်းဆုံးပါ"

ကျန်းလီ အကူအညီမဲ့စွာဖြင့် ထိုသို့ပြောလိုက်သည်။

သို့သော် သူတို့ကားပေါ်သို့တက်လိုက်သည်နှင့် ကျန်းလီပတ်ပတ်လည်ကို ကြည့်ကာ အံ့ဩသွားသည်။
"အစ်ကို နင်ဒီကားကို မိုဒီဖိုင်းလုပ်(ပြင်ဆင်မွမ်းမံ) ထားတာလား?"

အသေးစိတ်အချက်လေးများမှတစ်ဆင့် အတွင်းပိုင်းပစ္စည်းများမှာ အလွန်တန်ဖိုးကြီးကြောင်း ကျန်းလီပြောနိုင်သည်။

မောင်းသူထိုင်ခုံ၊ လမ်းညွှန်ကိရိယာ၊ အဲယားကွန်း၊ ထိုင်ခုံ၊ ကောင်းကင်မြင်ကွင်း အစရှိသဖြင့်...၎င်းတို့မှာ အချို့ပုံမှန်ကားများပင် မပါရှိပေ။

"အင်း ဒီကောင်ကို မိုဒီဖိုင်းလုပ်ထားတယ်"

ကျန်းဟန် ကားစက်နှိုးလိုက်သည်။ အင်ဂျင်၏အသံမှာ အလွန်ညင်သာပေသည်။ ကားကို မောင်းထွက်လိုက်ပြီး ကျန်းဟန်ဆက်ပြောလိုက်၏။
"ငါ ယွမ် ၂ သန်းလောက်သုံးထားပြီး Audi A8L က အစိတ်အပိုင်းတချို့ ဝယ်ထည့်ထားတယ်"

"ဘုရားရေ..."

ကျန်းလီရယ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မုန့်မုန့်သည်ကားပေါ်တွင်ရှိနေသည့်အတွက် ကျန်းဟန်၏မောင်းနေသည့်အရှိန်မှာ မမြန်ပေ။ အလွန်ပင် ညင်သာချောမွေ့နေသည်။

သူ၏နှေးကွေးပုံဖြင့်ဆိုလျှင် ယနေ့ည လေဆိပ်ကိုအချိန်မီ ပင်ရောက်မည့်ပုံမပေါ်။

တစ်ချိန်တည်းမှာပင် ဟောင်ကောင်လေဆိပ်တွင်...

လင်းဟိုင်မြို့တော်မှ လေယာဉ်မှာ ဆိုက်ရောက်လာသည်။

ပါးလွှာသည့်အပေါ်ယံကုတ်အင်္ကျီနှင့် နှာခေါင်းစီး မက်စ် ဝတ်ဆင်ထားသည့် ဇီယန်သည် ကျိုးဖေးနှင့်အတူ လေယာဉ်ပေါ်မှဆင်းလာပြီး ထွက်ပေါ်ဆီသို့လျှောက်သွားနေသည်။

"ကျန်းဟန်ဘယ်မှာလဲ?"

ဇီယန်၏အကြည့်သည် ‌ရှေ့နောက်စုန်ချီဆန်ချီ အကြိမ်အနည်းငယ်ကြည့်လိုက်သော်လည်း လူအုပ်ထဲတွင် ကျန်းဟန်၏အရိပ်အယောင်ကို မတွေ့ချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now