အပိုင်း(၇၉)

341 30 0
                                    

အပိုင်း(၇၉)

လီချန်း လက်ထဲရှိစီးကရက်ကို လုံးချေလိုက်ပြီး မြေကြီးပေါ် ပစ်ပေါက်လိုက်သည်။ ထိုနောက် သူသည် အတွင်းသို့လျှောက်သွားသည်။ သူ၏ကားမှာ ထိုနေရာတွင်ရပ်ထားခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင် ဇီယန်နှင့်ကျိုးဖေးသည် ကျန်းဟန်၏အပြုအမူနှင့် လီချန်းရိုက်ချခံလိုက်ရပုံကို မြင်သည့်အခါ ကျိုးဖေး နှုတ်ခမ်းကိုတွန့်လိုက်ပြီး ပြုံးလိုက်သည်။ ဇီယန်သည် အမူအရာမပြသော်လည်း သူမ၏နှုတ်ခမ်းရဲရဲလေးမှာ အနည်းငယ်မြင့်တက်လာပြီး သူမ၏စိတ်ထဲတွင် ရယ်မောနေကြောင်းပြသနေသည်။

သို့သော် ဇီယန်နှင့် ကျိုးဖေးသည် ချစ်ဖို့ကောင်းသည့် ပန်ဒါကို တွေ့လိုက်ရသည့်အခါ အနည်းငယ် ကြောင်အသွားကြသည်။

"တက်ပါ"

ကျန်းဟန် မောင်းသူထိုင်ခုံဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"ကျွန်မ မူးနောက်နောက်ဖြစ်သွားတယ်။ ရှင်ဘာလို့ ဒီကားကို ဝယ်လိုက်တာလဲ?"
ကျိုးဖေး ပြုံး၍ပြောသည်။

"ဟို...ဟိုး....."

ဤအချိန်တွင် မလှမ်းမကမ်းမှ လီချမ်က လှောင်ပြောင်လိုက်သည်။ သူ၏လက်ထဲမှ ကားသော့ကို ဖွင့်လိုက်ပြီး Geely Panda အနားရှိ BMW i8 ၏ကားမီးများကို ဖွင့်လိုက်သည်။

ကား၏တန်ဖိုးမှာ နှစ်သန်းဖြစ်ပြီး ၎င်းမှာ လီချန်း ပေါ့ပေါ့ပါးပါးမောင်းသည့်ကားဖြစ်သည်။ ဇီယန် တွေ့ဆုံရန်သွားသည့်သူမှာ ယွမ် သောင်းကျော်တန်ကားကို မောင်းနှင်လာသည်အား တွေ့လိုက်ရပြီး သူ၏စိတ်ထဲတွင် အထင်သေးသွားကာ လေသံတွင်ပင် အထင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသည်။

"ဇီယန် မင်း ငါ့ကားနဲ့ပြန်လိုက်ပါလား။ အရင်ဆုံးမင်းရဲ့နေရာကို လိုက်ပို့ပေးမယ်လေ။ မင်းရဲ့အနေအထားနဲ့ ဒီလိုကားစီးနေတယ်ဆိုတာ လူတွေ တွေ့သွားရင် မင်းရဲ့တန်ဖိုးက လျော့ကျသွားလိမ့်မယ်"

"ကျွန်မ သခင်လေးလီကို ဒုက္ခမပေးတော့ပါဘူး"

ဇီယန် ခေါင်းယမ်းလိုက်သည်။ အထဲတွင် သူမ၏အဖိုးတန်သမီးလေး စောင့်နေသည့်အတွက် အခြားသူ၏ကားထဲတွင် မည်သို့သွားထိုင်နိုင်ပါမည်နည်း?

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now