အပိုင်း(၈၃)

344 32 0
                                    

အပိုင်း(၈၃)

ကျန်းဟန်သည် ဧည့်ခန်းထဲသို့ ဇီယန်၏နောက်မှလိုက်သွားခဲ့သည်။ သူတို့ ပထမထပ်သို့ရောက်သည့်အချိန်တွင် ကျိုးဖေးနှင့်ကျန်းလီမှာ ပျော်ရွှင်စွာ စကားလက်ဆုံကျနေသည်ကို တွေ့လိုက်ရသည်။

ထိုနှစ်ယောက်၏ အကျင့်စရိုက်မှာ တူညီကြသည်။ ကျိုးဖေးတွင် ဓားသွားပါးစပ်ရှိသည်။ သူမ၏ပါးစပ်မှာ တစ်ခါတစ်ရံ လူများကို သရော်လှောင်ပြောင်သည့်ပုံစံရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ကျန်းလီသည်တော့ အတိတ်တုန်းကကဲ့သို့ ထက်ရှသည့်ဒေါသမရှိတော့သော်လည်း သူမသည့် မည်သူ့ကိုမျှ ဘယ်သောအခါမှ သည်းမခံတတ်ပေ။ သူမသည် ဘယ်လိုပင်ဆိုးဆိုးရွားရွားအရာဖြစ်ပါစေ တိုက်ရိုက်ပြောချလိုက်လိမ့်မည် ဖြစ်သည်။

ကျန်းလီသည် သူမ၏ဒေါသကို မည်သို့ မျိုသိပ်ထားနိုင်သနည်း? လွန်ခဲ့သည် လဝက်ခန့်ကပင် ဘားရှိ အခြား ဒီဂျေတစ်ယောက်က ကျန်းလီအား ရိုက်နှက်ချင်ခဲ့သည်။ သို့သော် ကျန်းလီ၏ကြိမ်းမောင်းခြင်းခံလိုက်ရပြီးနောက် ဘား၏ခေါင်းဆောင်သည် နောက်ဆုံးတွင် ထိုသူအား ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

အလှလေးတစ်ယောက်အနေဖြင့် ကျန်းလီသည် ဘားတွင် ပို၍ အရေးပေးခံရပေသည်။ သူမဆီသို့လာလေ့ရှိသည့် ပရိသတ်များစွာ ရှိနေသေးသည်မဟုတ်ပါလော။

ကျိုးဖေးနှင့် ဇီယန်တို့တွင် ဆက်နွယ်မှုတစ်ခုရှိသည်။ ဇီယန်မှာ အလုပ်လုပ်သည့်အခါတွင် အနည်းငယ်အေးပြီး အခြားသူများနှင့် ငြင်းခုံရသည်ကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ကျိုးဖေးသည် လူများမှာ ထိုကဲ့သို့သော ကြင်နာတတ်သူများ အနိုင်ကျင့်တတ်ကြသည်ဆိုသည့် အခြေခံသဘောတရားကို နားလည်ပေသည်။ ထို့ကြောင့် သူမ၏ကိုယ်ပိုင်လက္ခဏာမှာ ဇီယန်၏အကာအကွယ်ဒိုင်းတစ်ခုကဲ့သို့ပင် ဖြစ်သည်။

နှစ်ယောက်သား ဆိုဖာပေါ်တွင်ထိုင်ကာ ခဏကြာ စကားလက်ဆုံကျနေခဲ့သည်။ တစ်ဖက်လူ ပြောချင်သည့်တစ်စုံတစ်ရာရှိနေသည်ကို သတိပြုမိသောကြောင့် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အထင်အမြင်ကောင်းရှိကြသည်။။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now