အပိုင်း(၈၄)

339 31 0
                                    

အပိုင်း(၈၄)

သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ကျန်းဟန်နှင့် ဇီယန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ရှင်/မင်း...."

ရုတ်တရက် နှစ်ယောက်စလုံး ပြိုင်တူပါးစပ်ဖွင့်လိုက်ကြပြီး ပြိုင်တူ ရပ်တန့်လိုက်ကြသည်။

ထိုနောက်တွင်တော့ သူတို့သည် "မင်းအရင်ပြောပါ" ဆိုသည့် စကားကိုတော့ မပြောခဲ့ကြချေ။

ကျန်းဟန် ရိုးရိုးသားသားပင် ပြောလိုက်သည်။
"မနက်ဖြန်ကျရင် မင်း မုန့်မုန့်ကို ပြန်ခေါ်သွားချင်တာလား?"

"အင်း"
ဇီယန် ခေါင်းညိတ်လိုက်၏။

"ငါ သဘောမတူဘူး"
ကျန်းဟန် မျက်မှောင်ကြုတ်လိုက်သည်။

"ရှင်က သဘောမတူလားလား"
ဇီယန်၏မိုးမခမျက်ခုံးများမှာလည်း အနည်းငယ် ပင့်တက်လာပြီး
"ရှင့်ရဲ့သဘောတူညီမှုကို မလိုပါဘူး။ မုန့်မုန့်က ကျွန်မသမီးပဲ။ ကျွန်မသူ့ကို ခေါ်သွားချင်တယ်။ ဒါကြောင့် ကျွန်မခေါ်သွားမယ်"

"ဒါပေမဲ့ ငါက သူမရဲ့အဖေပါ"
ကျန်းဟန်သည် ဇီယန်အား တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။

ဇီယန်သည် အဘယ်ကြောင့် မုန့်မုန့်အား အဝေးကို ခေါ်သွားချင်သလဲဆိုသည်ကို သူလုံးဝနားမလည်နိုင်ခဲ့ပေ။

"ဒီတော့ သူ့မရဲ့အဖေဖြစ်တော့ရော ဘာဖြစ်လဲ။ ရှင် မုန့်မုန့်ကို ငယ်ငယ်ကတည်းက ဂရုစိုက်ခဲ့လို့လား။ ကိုယ်ဝန်ရှိတုန်းကရော ကျွန်မကို ဂရုစိုက်ခဲ့လို့လား။ ကလေးမွေးရတာ ဘယ်လောက်ထိနာကျင်ရတယ်ဆိုတာ ရှင်သိလား"
ဇီယန်၏အသံမှာ အေးစက်လာသည်။
"ကျန်းဟန် ကျွန်မရှင့်ကိုပြောလိုက်မယ်။ ကျွန်မ မုန့်မုန့်ကို ခေါ်သွားချင်တယ်။ ရှင့်ရဲ့ခွင့်ပြုချက်မလိုဘူး!"

အခန်းထဲရှိ လေထုမှာ အေးစက်လာသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျန်းဟန်၏ ‌ပင်ကိုယ်စရိုက်ကြောင့် အခြားသူတစ်ယောက်က သူ့အား ယခုလိုပြောနေပါက ထိုသူမှာ အနည်းငယ်တော့ ပြစ်ဒဏ်ပေးခံရသည်မှာ ကြာပေပြီ။ သို့သော် ဇီယန်နှင့် ရင်ဆိုင်ရာတွင် သူ့၌ အမှန်ပင် ဖြေရှင်းချက်မရှိချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now