part 7

534 23 2
                                    

ခန့်သစ်လွင်ထွက်‌တာနဲ့မိန်းကလေး 4ယောက်ကဝင်လာခဲ့သည်။

"အို့ lunch timeမှာကန်တင်းမသွားပဲအခန်းထဲမှာတယောက်ထဲကျန်ခဲ့တာပဲ"(girl 1)

"ကျွန်တော့ကိုမောင်ကဘယ်မှမသွားပဲစောင့်နေဖို့ပြောထားလို့ပါဗျ"

"ဟဲ့ နင်ထက်ရှိုင်းယံကိုမောင်လို့ခေါနေတာမဟုတ်ဘူးမလား "

"ဟုတ် ဟုတ်တယ်လေ"

"‌နင်ကဘာစောက်ဆင့်ရှိလို့ငါတို့ကိုရှိုင်းကိုမောင်လို့ခေါရဲရတာလဲ မဟုတ်မှနင်ထက်ရှိုင်းယံကိုကြိုက်နေတာလား"(girl 2)

"ဟက် ယောင်္ကျားချင်းလား ရွံ့ဖို့ကောင်းလိုက်တာထက်ရှိုင်းယံကနင့်ကိုပြန်ကြိုက်ရင်တောင်အပျော်ပဲဖြစ်မှာ သိရဲ့လား"(girl 3)

အဲ့လိုပြော၍ထိုမိန်းကလေး4ယောက်သည်ရယ်မောနေကြသည်။ဇင်ဖြိုးသော်မှာဘာလို့အဲ့လိုပြောမှန်းမသိ gayဆိုတဲ့အဓိပါယ်ကိုလည်းသေချာနားမလည်ချေ တကယ်ကြောက်နေ‌မိသည်။သူအကြောင်းကိုဟာသတစ်ခုလိုပြောနေကြသည်ကိုကြောက်လည်းကြောက်သလိုဝမ်းလည်းဝမ်းနည်းမိသည်။

"နင်ဒီဦးထုတ်ကိုရောက်ထဲကမချွတ်ဘူးမလား ချွတ်လိုက်နင့်ရဲ့ယောက်ကျားတွေကိုမြူစွယ်နေတဲ့မျက်နှာလေးကိုမြင်ချင်စမ်းပါဘိ"(girl 3)

"ချွတ်လို့မရဘူး"

"ချွတ်ဆိုချွတ်စမ်းပါ ဘာလဲငါတို့ကူချွတ်ပေးရမှာလား"(girl 4)

"မ မလုပ်ပါနဲ့"

ခုအချိန်တွင်ဇင်ဖြိုးသော်တကယ်လန့်နေမိသည်သူတို့ကိုမသိပေမယ့်ကောင်းတဲ့အကြံအစည်နဲသူ့ကိုစကားလာပြောတာမဟုတ်တာတော့သိသည်။
မိန်းကလေး‌ လေးယောက်သည်သူတို့အချင်းချင်းကြည့်ကာခေါင်းညိမ့်လိုက်ပီး
ဇင်းဖြိုးသော်အနားသို့ကပ်ကာဦးထုတ်ကိုဆွဲချွတ်တော့သည်ဇင်ဖြိုးသော်လည်းရုန်းပေမယ့်လေးယောက်အားကိုမယှဉ်နိုင်ပါနဂိုတည်းကကျန်းမာရေးချူချာတယ့်အပြင်ခန္ဓာကိုယ်မှာလည်းသေးငယ်သည့်အတွက်အဲ့မိန်းကလေးတေနဲ့ယှဉ်လုဖို့မဖြစ်နိုင်ပါ။နောက်တော့ဦးထုတ်လည်းကျွတ်သွားတော့ကြောက်လန့်ပီးမျက်လုံးမှာမျက်ရေဝဲနေပီး နှုတ်ခမ်းလေးကိုကိုက်၍အဲ့ကောင်မလေးတွေကို‌ မော့ကြည့်နေသည်။

မောင်သည်သာကျွန်တော်ရဲ့မြတ်နိုးရာWhere stories live. Discover now