M-2

127 12 0
                                    

၄။ အသား

လုနင်က ဗန်းကိုင်ပြီး လာတော့ ငါနည်းနည်းအံဩသွားတာ သူ့ဗန်းထဲက အစားသောက်က ငါ့ထက်တောင် များနေသေး

"အများကြီးပဲ ကုန်လို့လား?"

"ငါ....ငါဖွံ့ဖြိုးဆဲ အရွယ်ရောက်လာပြီလေ ဒီလောက်အများကြီးသေချာပေါက်စားနိုင်တာပေါ့" လုနင်က ရှက်ရှက်နဲ့ပြန်ဖြေသည်။

သူ့ကို ရိုးရိုးသားသားကြည့်ပြီး "အင်း  မင်းများများစားသင့်တယ် ဒီထက်ပိုဖွံ့ဖြိုးအောင်လို့"

နာရီဝက်လောက်နေတော့ လုနင်က သူတကယ်စားနိုင်တယ်ဆိုတာကို သက်သေပြသွားပါတယ် နောက်ပိုင်းမှ ငါသိလိုက်ရတာက သူပုံမှန်စားနေကျ နှုန်းနဲ့ယှဉ်ရင် အဲ့နေ့က စားတာက တကယ့်ကို နည်းနည်းလေးဆိုတာကိုပဲ

စားပြီးတော့ ငါမနေနိုင်ဘဲ သူ့ကိုမေးလိုက်တာပ " မင်းဒီလောက်စားတာတောင် ဝလည်းမဝသလို အရပ်လည်း ရှည်မလာဘူး စားစရာတွေဘယ်ရောက်ကုန်တာလဲ?"

မနေနိုင်ဘဲ ငါသူ့ရဲ့ နူးညံ့ပြီး ဖွာနေတဲ့ ဆံပင်ထဲ​လက်ထိုးလိုက်မိတယ် ငါထင်ထားတာက ပိုကိုင်လို့ကောင်းတာပဲ

"ဟေ့ ငါ့ဆံပင်ကို မထိနဲ့ မင်းသာ အဲ့လို ပွတ်ရင် ငါအရပ်ရှည်တော့မှာ မဟုတ်ဘူး ငါအရပ်မရှည်ရင် နောင်ကျ ငါမင်းကိုပဲ မှီခိုနေပြီးမင်းငါ့ကိုတင်ကျွေးထားရမှာနော်" လုနင်က ဒေါသထွက်နေတဲ့ ကြောင်ပေါက်စလေးလို ငါ့လက်ကိုဖယ်ချရင်း ဆိုသည်။

လုနင်ပြောတာနားထောင်ပြီး ငါစိတ်ထဲ ရယ်ပြီးတွေးနေမိတာက 'အာ့ဆို မင်း သေချာပေါက် ငါ့ကိုမှီခိုရမယ်နော်' လို့လေ

၅။ အိပ်ရာထ

လုနင်ကို ငါကြိုက်တယ် ငါက ဂေးဆိုပေမယ့် တဖက်လူစိတ်က ဘယ်လိုလဲ ဆိုတာ ငါမဖတ်တတ်တာကြောင့်လုနင်ကလည်း ဂေးလားဆိုတာ ငါမသိဘူး

လုနင်ကို င့ါခံစားချက်တွေကိုလည်းပေးမသိရဲဘူး သူ့သူငယ်ချင်းလုပ်မရတော့မှာ စိုးလို့လေ

သူ့ကို အကောင်းဆုံးဆက်ဆံပေးတာပဲ လုပ်နိုင်တယ် သူငါ့ကို မှီခိုဖို့မျှော်လင့်တယ် ပြီးတော့ ငါ့ကိုဖြည်းဖြည်းချင်း သဘောကျလာဖို့ပေါ့

ငါ့မိန်းမက အဖြောင့်Where stories live. Discover now