M-4

109 10 0
                                    

လုနင် (ရှု)

၁။ လုနင်

ငါ့နာမည်က လုနင် ပြီးတော့ ငါက အဖြောင့်

၂။ ပထမဆုံးတွေ့ဆုံခြင်း

ငါက ကျောင်းသားသစ်လေ ငါ အဆောင်တံခါးကိုဖွင့်လိုက်တဲ့ချိန် ငါ့ထက်အရင်ရောက်နေတဲ့ အတန်းဖော်ကို မြင်လိုက်ရတာပဲ သူက တံခါးဖွင့်သံကြားတော့ ငါ့ကို ကြည့်လာတာ

မျက်ခုံးကဖြောင့်လို့ နှာတံကလည်းစင်းနေတာပဲ နှုတ်ခမ်းကလည်း မထူမပါးနဲ့ သူ့ပုံစံက အရမ်းကို ကြည့်ကောင်းသလို ဩဇာတိက္ကမနဲ့ပြည့်စုံနေတဲ့ပုံ အဖြောင့်ဖြစ်တဲ့ငါတောင် ဆွဲဆောာင်ခံလိုက်ရတဲ့ထိလေ

သူက တကယ့်ကို ကြည့်ကောင်းတာပဲ

ထိုင်နေတာတောင် သူအရပ်ရှည်မယ်ဆိုတာ ငါပြောနိုင်တယ် သူက ငါနှုတ်ဆက်လိုက်တော့ မတ်တပ်ရပ်လာတယ်

သူက တကယ်အရပ်ရှည်တာပဲ  ၁.၈၅ မီတာလောက်ရှိမယ်ထင်တယ် နောက်ပိုင်း ငါခြေဖျားထောက်ပြီး သူ့ကိုတိုင်းကြည့်တော့ ၁.၈၇ မီတာ ရှိတယ် ငါက ၁.၆၇ ပဲရှိတာလေ ငိုချင်လိုက်တာ ဒါမဲ့ ငါ့လို အဖြောင်က ဂေးလို လုပ်လို့မရဘူးလေ

ငါသူ့ကိုနှုတ်ဆက်လိုက်တယ် သူက ငါ့ကို 'ဟဲလို' လို့ပြန်ပြောပြိး သူ့အသံက သိပ်မကောင်းပေမယ့် ငါ့ကိုမကြိုက်တာမျိုး ငါ့ကို စိတ်ရှုပ်စရာလို့ မြင်တာမျိုး မဟုတ်ဘူးလို့တော့ ငါထင်တာပဲ

ဘာလို့လဲ ဆိုတော့ ငါက မိန်းကလေးတအားဆန်နေလို့လေ ငါငယ်ငယ်ကတည်းက ငါ့ပုံစံကြောင့် မိန်းကလေးတွေကော ယောကျာ်းလေးတွေပါ ငါ့ကိုမုန်းကြတယ်လေ ဒါမဲ့ ငါ့ကိုဝန်ခံကြတဲ့ ယောကျာ်းလေးတွေကလည်း ဒုနဲ့ဒေးပဲ

ငါသူတို့ကို ငြင်းခဲ့တာပေါ့ ဘာလို့ဆို ငါက အဖြောင့်လေ မိန်းကလေးဆိုရင်တောင် ငါစဉ်းစာားပေးဦးမှာ ဒါမဲ့ တစ်ယောက်တောင်မှ လာဝန်မခံကြဘူး

ငါဒေါသမထွက်ပါဘူး လုံးဝကိုဒေါသမထွက်ပါဘူးနော်

ငါအမြဲထင်တာက ငါ့ကို ဝန်ခံတဲ့လူတွေကလည်း တကယ်ဂေးနေတာမဟုတ်လောက်ဘူးလို့ ဘာလို့ လဲဆိုတော့ သူတို့သာ တကယ်ဂေးနေရင် ငါ့လို လူအစား သူတို့လို ကြမ်းကြမ်းတမ်းတမ်းနဲ့ ကိုယ်လုံးကြီးတဲ့သူကို ကြိုက်သင့်တာလေ

ငါ့မိန်းမက အဖြောင့်Wo Geschichten leben. Entdecke jetzt