M-5

94 8 0
                                    

၄။ စားစရာပမဏ

ငါ့ရဲ့ကြီးမားတဲ့စားသောက်နိုင်စွမ်းကိုအလှောင်ခံရမှာ ကြောက်ပြီး ငါတမင် စားစရာလျှော့ထည့်တာတောင် ရလဒ်က အလှောင်ခံရသေးတာပဲ အား ဒေါသထွက်လိုက်တာ

သူက ရိုးသားတဲ့မျက်နှာလေးနဲ့ ငါ့ကို ပိုပြီးစားသင့်တယ်တဲ့လေ

သူမရယ်ပေမယ့် င့ါအရပ်ကို လှောင်နေမှာပဲ ကြိတ်ပြီးတော့စိတ်ရှုပ်ဖို့ကောင်းလိုက်တာ

ငါတို့လို အဖြောင့်တွေက မုန်းဖို့ကောင်းတယ်ဆိုတဲ့ စကားကိုမပြောဘူး

နောက်ပိုင်းကျ ငါတကယ်အရပ်ပိုရှည်လာပါတယ် ဒါမဲ့ ၂ စင်တီမီတာတည်း ၂ စင်တီမီတာတည်းလို့! နည်းနည်းလေးဆို ငါ ၁.၇ ဖြစ်ပီကို ဒေါသထွက်လိုက်တာ

ရှောက်ကျိုနဲ့ ငါ့ကြား အရပ်ကွာခြားမှုက မပြောင်းဘူး ၂၀ စင်တီမီတာ ကွာနေတုန်းပဲ ဘာလို့ဆို သူလည်း ၂ စင်တီမီတာ ပိုရှည်သွားတယ်လေ ဒေါသထွက်လိုက်တာ

သူ့အရပ်က သူထိန်းချုပ်လို့မရတာမို့ပေါ့ မဟုတ်ရင် သူတမင်ငါ့ကိုဒေါသထွက်အောင်လုပ်နေတယ်လို့ငါထင်မှာ တကယ်အရပ်ပိုရှည်တော့ ဘာအရေးလဲ ပိုတောင်ဖြုန်းတီးရာကျသေး

၅။ အိပ်ရာထခြင်း

ကျောင်းတွေစတော့ ရှောက်ကျို ငါ့ကိုမုန်းသွားမလားတောင် ငါထင်မိတယ် ငါက အရမ်းစန်းစန်းတင့်ဖြစ်တယ်လေ

သူကတော့တကယ့်ကို လူကောင်းတစ်ယောက်

ငါ့ရဲ့စိတ်တိုစရာကောင်းမှုကတော့ 'အိပ်ရာထဲမထနိုင်တာပဲ'

ရှောက်ကျိုက ငါ့ကိုမနက်တိုင်းနှိုးပြီးတော့ အတန်းထဲ ဆွဲခေါ်ရတယ် ငါတော့ ဘာမှမဖြစ်ပါဘူး သူငါ့ကိုနှိုးတဲ့ပုံစံက နည်းနည်းဂေးဆန်ပြီးတော့ အဖြောင့်လို လုံးဝမထင်ရဘူးလေ

တစ်ခါတလေ ငါညဘက် ဂိမ်းတွေဆော့ပြီး နောက်ကျမှအိပ်တာမျိုးရှိတယ် နောက်နေ့ကျ မထနိင်တော့ဘူး အဲ့ခါကျသူက ငါ့ကို မနက်စာဝယ်လာပေးပြီးတော့ ငါဗိုက်ဆာဆာနဲ့နိုးလာလာချင်း တန်စားရရောလေ ပျော်ဖို့ကောင်းချက်ပဲ

ရှောက်ကျိုက တအားကောင်းတဲ့သူပါဆို

၆။ဘတ်စကတ်ဘော

ငါ့မိန်းမက အဖြောင့်Место, где живут истории. Откройте их для себя