Mafia Daddy & Me 12

4.2K 97 9
                                    

ကျည် ဒဏ်ရာနဲ့ မေ့လဲ‌ နေပြီဖြစ်တဲ့
ခင်နွေဦးကို  Davis ပွေ့ချီလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။

မေ့မျှော နေတဲ့ ခင်နွေဦးဟာ Davis ရင်ခွင်ထဲ ခေါင်းလေးမှီလျက်သားနဲ့ ပွေ့ချီရာကို လိုက်ပါလာတယ်။

Davis ဟာ Church ကျောင်းထဲက နေ အပြင်ထွက်ဖို့  ကြည့်လိုက်တော့
ခန်းမကြီးရဲ့ ကြမ်းပြင်‌‌ တွေ အကုန်လုံး မီးစွဲလောင်နေပြီ

သူ ပွေ့ချီထား တဲ့ ခင်နွေဦးကို တစ်ချက်ကြည့်လိုက်တယ်။

ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်လုံးလုံးလေးကို
သူ့ အားနဲ့ တင်းတင်း ဖက်ထားလိုက်ပြီး ကြမ်းပြင်ပေါ်မှာ အတားအဆီးမရှိ လွတ်လပ်စွာ လောင်ကျွမ်းနေတဲ့ မီးလျှံကြားထဲ ခပ်သွက်သွက် ဖြတ်‌ပြေး လာပါတော့တယ်။

Davis ရဲ့ အားမာန် အပြည့်နဲ့ လှမ်းနေတဲ့ ခြေလှမ်းတွေရဲ့ အရှိန်ကြောင့် ပွေ့ချီခံထားရတဲ့ နွေ ဟာ တစ်ချက် တစ်ချက်
လှုပ်ရမ်းနေပြီး သူမ ဒဏ်ရာ ဟာလည်း သွေးပို ထွက်လာပါတယ်။

Davis ဟာ Church ကျောင်းရဲ့ အပြင်ကို ရောက်လာပါပြီ။

ဈာပန ပွဲ လာတဲ့  ဧည့်သည်တွေဟာ Church ကျောင်းပြင်ပမှာ ရှိနေကြပြီး
ကျည် ဒဏ်ရာ ကြောင့် အသက်လုနေရတဲ့ ခင်နွေဦးကို ပွေ့ချီထားတဲ့ Davis ကို စိုက်ကြည့်နေကြတယ်။

ဧည့်သည်တွေ ထဲက တစ်ယောက်ဟာ Davis တို့  အတွက် လူနာတင်ကား ခေါ်နေပေမဲ့
Davis ဟာ မစောင့်ဘဲ သူ့ကားပေါ် ခင်နွေဦးကို တင်လိုက်ပြီး  သူ့  Driver  ကို ဆေးရုံဆီ မောင်းခိုင်းလိုက်တယ်။

ကားပေါ်ရောက်တော့ ခင်နွေဦးကို
သက်တောင့်သက်သာ ထားလိုက်ပြီး Davis ဟာ သူ့ကုတ် အင်္ကျီကို ချွတ်လိုက်တယ်။

သူ့ ကုတ် အောက်က အင်္ကျီ ဖြူ လက်ရှည်ရဲ့
လက်နှစ်ဖက်လုံးကို အပေါ် နဲနဲ တင် ခေါက်ထားလိုက်တယ်။

ခင်နွေဦး သွေးထွက်လွန်မှာ စိုးလို့ သူ့ကုတ် အင်္ကျီနဲ့ ခင်နွေဦးရဲ့ နောက်ကျောကို ဖိပေးထားတယ်။

ပြီးတော့ သူမကို ဖက်ထားလိုက်တယ်။

"" ဟင် !!!! """"

Davis ဟာ ခင်နွေဦးကို ထိလိုက်တဲ့အခါမှသူ သတိထားမိလ်ိုက် တာကတော့

Mafia Daddy & Me ( I'll Never Let You Go, Never) ✨ Own Creation ✨Where stories live. Discover now