Mafia Daddy & Me 24

2.6K 33 9
                                    

{ Unicode }











မနက် ၆ နာရီကျော်ကျော်လောက်မှာ Davis ရုံးသွားဖို့ပြင်လိုက်လေတယ် ။

ကားရှိရာ အိမ်ရှေ့အပေါက်ဝထိ နွေက လိုက်ပို့ပေးပြီးနောက်
Davis က ‌နွေ့ကို အနမ်းလေးပေးလိုက်ရင်း

""" ကိုယ်သွားပြီမို့ ဂရုစိုက်နော် ..... """

နွေဟာ ပြုံးပြရင်းနဲ့

"" Daddy ရောအတူတူပါပဲ။
ဂရုစိုက်ပါ။ ""'

XXXXXXXXXXXXXXXXXXXXXXXXXXXXXX

ရုံး‌ရှေ့ရောက်တာနဲ့ Davis တစ်ယောက် သက်ပြင်းချလိုက်ပြီး အပေါ်ကိုတက်ပြီစ တွန့်နေတဲ့ ကုတ်အင်္ကျီကို ဆွဲချလိုက်ရင်း
Confident level ကို မြှင့်လိုက်ကာ ခေါင်းမော့ ရင်ကော့ပြီး အစည်းအဝေးခန်းမ ရှိရာဆီ လျှောက်လမ်းလာလေတယ် ။

အစည်းအဝေးခန်းမထဲမှာ ကြိုတင်‌ရောက်နှင့်နေပီးသား ဘုတ်အဖွဲ့ဝင်လူကြီးတစ်ချို့နဲ့ ‌ဦးလေး Dout တို့က စကားစမြည်ပြောဆိုရင်းညှိနှိုင်းနေချိန် Davis ရောက်သွားတော့ အားလုံး တိတ်သွားပြီး Davis အား မျက်စိဒေါက်ထောက် လိုက်ကြည့်နေကြလေရဲ့ ။

Davis လည်း ခွင့်ပြုပါဦး ပြောရင်း လွတ်ရာ ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်လေတယ် ။

ဘယ်သူ ဘယ်ဝါကမှ စကား မစတော့ ဦစလေး Dout ကပဲ အလိုက်တသိနဲ့

"" ငါတို့ ‌ဒီနေ့ မင်းကိုခေါ်လိုက်ရတဲ့အကြောင်းကို မင်းသိပြီးသားဖြစ်မှာပါ ။ ""

အခြား လူကြီးတွေကတော့ မျက်နှာထား တင်းနေကြရင်းပေ့ါ .....

Davis လည်း တည်တည်ငြိမ်ငြိမ်နဲ့

"" ဟုတ်ကဲ့ ကျနော့်ရဲ့ ဦးဆောင်မှု ညံ့ဖျင်းခဲ့တဲ့ လုပ်ရပ်ကြောင့်  လူကြီးမင်းတို့က ခေါ်လိုက်ရတာပါ ... ""

Davis စကား ကြားတော့ အဖွဲ့ထဲက လူကြီးတစ်ယောက်က

"" အင်းးး ။
Davis မင်းက ပညာလည်းတတ်တယ် ။
Kendy ရဲ့သားဆိုလည်းဟုတ်တယ် ။
ပြီးတော့ အဆက်အသွယ်နဲ့ အရည်အချင်းလည်းရှိတဲ့ လူရွယ်မို့လို့ မင်းကို ဒီလိုအာဏာ ၊ ပါဝါ အပ်ထားတာ .....
ငါတို့တွေ ကြီးကြပ်ခဲ့စဉ်ကထက် ပိုကောင်းတဲ့ ရလဒ်တွေ ၊ အမြတ်အစွန်းတွေ ရစေချင် ဝင်စေချင်လို့ မင်းကိုမှ ရွေးအပ်ထားတာ ......

Mafia Daddy & Me ( I'll Never Let You Go, Never) ✨ Own Creation ✨Where stories live. Discover now