Mafia Daddy & Me 18

3.1K 57 11
                                    

{ UniCode }

Davis  တစ်ယောက် မျက်လုံး ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက နွေတစ်ယောက် ရေကူးကန်နားမှာ  မနက်စာ ပြင်နေတာကိုပါ ။

မနက်စာစားဖို့ ပန်းကန်တွေ ပြင်ရင်း အလုပ်ရှုပ်နေတဲ့ သူမကို အိပ်ယာထဲကနေ ငေးကြည့်နေလေတယ် ။

ဆံပင်လေး ကပိုကရို ထုံးထားပြီး အင်္ကျီ လက်ရှည်အဖြူ လေးက သူမ ပေါင်တံ အထိသာ ရှည်လေတယ် ။

မနက်စာ ပြင်ရင်း အိပ်ယာပေါ် လှမ်းကြည့်မိတဲ့ နွေက Davis နိုး နေပြီဆိုတာကို သိသွား‌တော့ Davis  ဆီ လျှောက်လာတယ် ။

အိပ်ယာပေါ်က Davis ကို Morning kiss လေး ပေးပြီး Davis ကို ဖက်ခါ

""" Good morning Daddy  !!!

ထတော့လေ နွေ မနက်စာ ပြင်ပြီးပြီ .......""

Davis က နွေ့ကို သူ့ဘယ်လက်နဲ့ ဖက်လိုက်ပြီး

""" Hotel က မ‌နက်စာ မပြင်ပေးဘူးလား ... '"'

""" ဪ မဟုတ်ရပါဘူး ။
သူတို့တွေ  အခန်းထဲထိ လာပြီး အသေအချာ ပြင်ပေးနေရင် Daddy နိုးသွားမှာဆိုးလို့ ။

အခန်းရှေ့ထိပဲ လာပို့ခိုင်းပြီး ကျန်တာကို နွေ့ဖာသာ စီစဉ်ရရုံလေးပါပဲ ။ """

"" အင်းး ဟုတ်ပါပြီ ခနစောင့်နော် နွေ ။
ကိုယ်ရေချိုးလိုက်ဦးမယ် ။ ""

"" ဟုတ်ကဲ့ ""

XXXXXXXXXXXXXXXXXXXXXXXXXXXXXX

မနက် 7 နာရီကျော်မှာ  ပင်လယ်ပြာကို ငေးပြီး နှစ်ဉီးသား မနက်စာ စ စားကြလေတယ် ။

နွေဟာ သူမ ပန်းကန်ထဲက ကြက်ဉ
ဟတ်ဘွိုင် ကို အားရပါးရ စားနေတာကို Davis မြင်တော့

"" နွေက ကြက်ဉ ဟတ်ဘွိုင်လေးကို ကြိုက်တယ်လား ။ ""

အားရပါးရ စားနေရင်း နွေက

'"" အင်း။ ဟုတ်တယ် ။ ""

"" ရော့ ကြိုက်ရင် ကိုယ့် ဆီက ကြက်ဉပါစား ။ """

နွေ့ ပန်းကန်ထဲ သူ့ရဲ့ ကြက်ဉကို ထည့်ပေးလိုက်ချိန်

"" နွေ အရင်က မနက်စားချိန်ဆို  နွေ့ အမေလုပ်ပေးတာလေး သတိရတယ် ။

အမေက နွေ့ အကြိုက် အရမ်းသိတာ .... ""

နွေ ကြက်ဉစားနေပုံလေး ကြိုက်လို့ ပြုံးနေတဲ့ Davis ရဲ့ မျက်နှာထားဟာ သူမဆီက ထိုသို့သော စကားမျိုး ကြားရတော့ လေမုန်တိုင်း ထန်တော့မလို ချက်ချင်း ညှိုးမှောင်သွားပြီး မနေ့ညက အိမ်မက်ကို သွားသတိရကာ မနက်စာ စားချင်စိတ်ပါ ပျောက်သွားလေတယ် ။

Mafia Daddy & Me ( I'll Never Let You Go, Never) ✨ Own Creation ✨Where stories live. Discover now