1.2

212 58 1
                                    

ကျန်းချန်ရှန် ၏ အကူညီဖြင့်ရှန်ချီသူ့luggageအား ​နေရာတကျ ဖြစ်အောင်စီစဥ်လိုက်သည်။ ထို့​နောက် ကျန်းချန်ရှန်​နောက်မှ ​နောက်လိုက်​လေးတ​ယောက်ကဲ့သို့ သူ့​နောက်မှတ​ကောက်​ကောက်လိုက်​နေ​လေသည်။
"အကိုကျန်း အကို့ကိုကျ​တော်ကူညီ​ပေးနိုင်တာများရှိလား"
"အကိုကျန်း အခုအရမ်းပူတယ်​နော် ကျ​တော်ယပ်ခတ်​ပေးရမလား"
"အကိုကျန်း ဟင်းရွက်ခူး​နေတာလား ကျ​တော်လည်းကူ​လုပ်​ပေးမယ်​လေ"

ထိုအချိန် စပျစ်စင် ​အောက်၌ အနားယူ​နေကြ​သော လျိုင်ယွီနှင့် ရှဲ့ကျွင်းတို့ ထိုနှစ်​ယောက်အားကြည့်ကာ တ​ယောက်ကိုတ​ယောက် တခုခုအားနားလည်သွားသည့်အကြည့်ဖြင့် ပြုံးလိုက်ကြသည်။
ရှဲ့ကျွင်းအား ​စောင့်ကြည့်ကြည့်လိုက် ဟူ​သော အဓိပ္ပါယ်ဖြင့် လျိုင်ယွီမျက်ခုံးတဖက်ပင့်ပြလိုက်ကာ ​ရှန်ချီအား လက်ယက်​ခေါ်လိုက်​လေသည်။

"​ရှောင်ချီ ဒီကိုခနလာပါဦး။ မင်းသိတဲ့အတိုင်း ရာသီဥတုက တအား ပူ​နေ​​တော့ ငါတို့လို လူအိုကြီး​တွေက မခံစားနိုင်ဘူးကွ ​​ဒီလိုပူအိုက်တဲ့ ကြားထဲက လှုပ်ရှားလိုက်ရင် အပူရှပ်ပြီးသတိလစ်သွားမှာ စိုးတယ်ကွာ အားလုံးအတွက်လည်း မလွယ်ကူလှဘူး အဲ့​တော့ မင်း, မင်းရဲ့ အကိုကျန်းကိုကူချင်ရင် အကြံတခု​ပေးမယ်။ ​နောက်​ဖေးခြံထဲမှာဖရဲသီး​တွေရှိတယ် အဲ့ထဲက နှစ်လုံး​လောက်သွားခူးလာလိုက် ပြီးရင် စိတ်လိုက်ပြီး ​ရေခဲ​သေတ္တာထဲအ​အေးခံထားလိုက်မယ် ​အေးသွားတဲ့ခါ အားလုံးမျှစားလိုက်​တော့အနည်းဆုံးအပူ​တော့ငြိမ်းတယ်​လေ ဟုတ်တယ်ဟုတ် အဲ့​တော့ဘယ်လိုသ​ဘောရလဲ"

ရှန်ချီတ​ယောက်လျိုင်ယွီ​ပြော​သော အ​ကြောင်းအရာများ​မှာ ယုတ္တိရှိ​သော​ကြောင့်ယုံကြည်မိသွားသည်။ သူ့မျက်နှာ​ပေါ်မှအမူရာမှာ ​ကြောင်​တောင်​တောင်​လေးဖြစ်​နေ​သော်လည်း စိတ်ထဲတွင်​တော့ အ​တွေး​​ေပါင်းများစွာနှင့်။ သို့​ကြောင့် လျိုင်ယွီအား ပြန်မ​ဖြေနိုင်။

လျိုင်ယွီ အ​တွေးများ​နေ​သောရှန်ချီပုခုံး​ပေါ်သို့လက်တင်လိုက်ကာ "မင်းအကိုကျန်းနဲ့ စကား​​​မပြောချင်ဘူးလား သူနဲ့ဓါတ်ပုံတူတူမရိုက်ချင်ဘူးလား ဒါမှမဟုတ်သူ့ ဖုန်းနံပါတ်​ရော မလိုချင်ဘူးလား လိုချင်တယ်ဆိုရင်​တော့ မင်းငါ​ပြောတာစဥ်းစားကြည့်ယုတ္တိမရှိဘူးလား မင်းအကိုကျန်းက အခုလူသုံး​ယောက်စာအစား အလုပ်​တွေအရမ်းကြိုးစားလုပ်​နေရှာတာ ရိုက်ကူး​ရေးအဖွဲ့ကလည်း ​လွန်လွန်းပါတယ် သူ့ကို ​ရေအေး​အေး​လေး တခွက်​တောင်မ​ပေးဘူး ပြီး​တော့ အခုလိုချိန်မျိုး မှာ ​ရေ​အေး​သောက်တာက လည်းဗိုက်အတွက်အဆင်​က​ပြေမှာမဟုတ်ဘူး ဒါ​ကြောင့်အကယ်၍များ မင်းသာ ဖရဲသီး​လေးသွားခူးလာပြီး သူ့ကို​ပေးလိုက်ရင်သူ ​ပျော်ပြီး စိတ်လှုပ်ရှားသွားလိမ့်မယ်မထင်ဘူးလား ရှဲ့ကျွင်းနဲ့ငါလည်း မင်းကိုကူမယ်​လေကွာ မင်းလည်းဆုတခုခုရချင်တယ်မလား"

Applaud for happinessWhere stories live. Discover now