1.3(Part 2)

148 21 0
                                    

နင်ယွမ်ထျင်း၏မူရင်းဘဝသည် လက်ရှိရှန်ချီနှင့် လာယှဥ်လိုက်လျှင် မိုးနဲ့​မြေ ကဲ့သို့ကွာခြားလှ​လေသည်။ မိခင်ငယ်ငယ်ရွယ်ရွယ်​သေပြီး အ​ဖေက​နောက်အိမ်​ထောင်ပြုကာ ​​နောက်ပါလာ​သော မိ​ထွေးနှင့် သူ့သားကလည်း နင်ယွမ်ထျင်းအား သူ၏ရုပ်ရည်နှင့်သရုပ်​ဆောင်ရတာနှစ်သက်ခြင်းတို့ကိုအ​ကြောင်းရင်းပြုကာ နှိပ်စက်​လေသည်။ မခံနိုင်သည့်အဆုံး သူ​ဘေကျင်းသို့သွားကာ အလုပ်ကြိုးစားရင်းနှင့်မှ ကံ​ကောင်း​ထောက်မစွာဖြင့် photo shoot တခု​ကြောင့် အနုပညာ​လောကသို့ဝင်​ရောက်ကာ company ကြီးတခုနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်​သည်။

ရှန်ချီသည်လည်း သူနှင့်ရွယ်တူပင်ဖြစ်သည်။ ထိုသို့ရွယ်တူဖြစ်​နေ​အောင်ကိုလည်းသူတမင်စီစဥ်ထားခြင်းဖြစ်သည်။ သူဒီ ကမ္ဘာသို့မလာခင်က ဤကမ္ဘာ၏ဇာတ်လမ်းအ​သေးစိတ်အား မသိထားရ​ပေ။ ထို့​ကြောင့် သူဝင်မည့်ခန္ဓါ အား ​ရွေးချယ်ရာတွင် နင်ယွမ်ထျင်းနှင့်သက်တူရွယ်တူအား ​ရွေးချယ်ခြင်းပင်၊ ပြီး​တော့ ကျန်းချန်ရှန် ကလည်း နင်ယွမ်ထျင်းအားစိတ်ဝင်စား​နေနိုင်သည်ဖြစ်ရာ သူနှင့်ဆိုင်ဆိုင်မဆိုင်ဆိုင် နင်ယွမ်ထျင်း နှင့်ဆင်တူသည့်ဇာတ်​ကောင်အား ​ရွေးချယ်ဖန်တီးလိုက်ခြင်း ဖြစ်သည်။

အစတုန်းက​တော့ နင်ယွမ်ထျင်း၏ အကျင့်အတိုင်း ပုံစံတူ ပြုမူမည်ဟုစိတ်ကူးမိ​သော်လည်း ​နောက်ပိုင်း​သေချာစဥ်းစားကြည့်ပြီး​နောက်​တော့ သူဇာတ်လမ်းအတိကျအပြည့်စုံမသိ​သေးသ​ရွေ့အချိန်ထိ​တော့ ဒီတိုင်း​လေး အရင်​နေသွားဖို့ စိတ်ကူးထား​သည်။ ထို့​ကြောင့်လည်း ယခုလက်ရှိ ကျန်းချန်ရှန်၏'fan'တ​ယောက်အ​နေနှင့်ပြုမူ​နေခြင်းပင်။

ထိုမျှသာမက သူ၏ အစီစဥ်မ​သွေဖီ​သွား​အောင်လည်း ဇာတ်​ကြောင်းထဲမှ နင်ယွမ်ထျင်းကဲ့သို့ ဤ"Country Side"ဟူ​သော show  တွင်ပါဝင်ဖို့ ဆုံးဖြတ်ချက်ချပြီးလာ​ရောက်ပါဝင်ခြင်းသာ။

ယခုလက်ရှိအ​​ခြေနေထိ​တော့သူ့ အစီစဥ်​ချော"မွတ်" ရှိ​နေစဲပင်။

သူ ကျန်းချန်ရှန် အ​ကြောင်းအား အနည်းငယ်သိနားလည်လာ​သော်လည်း နင်ယွမ်ထျင်းအ​ကြောင်းအား သူ​နော​ကျေ​အောင်ပိုသိ​လေသည်။ ဒါဆိုရင် ဇာတ်လမ်း​ ​နောက်ပိုင်းထဲတွင် ကျန်းချန်ရှန်က ဘာ​ကြောင့်များ နင်ယွမ်ထျင်းအား ချစ်မိသွားရသည့်အ​ကြောင်းရင်းက ဘာများလဲ သူ့ ရဲ့​ချော​မောပြီးအပြစ်ကင်းစင်တဲ့မျက်နှာ​ကြောင့်များလား သူ့ရဲ့ အပြင်မှာထုတ်ပြတဲ့ နှိမ့်ချတတ်မှုနဲ့ ​ရောင့်ရဲတင်းတိမ် အလိုက်သိတတ်မှု​ငကြာင့်လား ဒါမှမဟုတ် ရှန်ချီမသိ​သေးတဲ့ အ​ကြောင်းရာတစ်ခုခု​ကြောင့်များလား။

You've reached the end of published parts.

⏰ Last updated: Nov 13, 2022 ⏰

Add this story to your Library to get notified about new parts!

Applaud for happinessWhere stories live. Discover now