1.2 part2

242 52 4
                                    

သူတို့ယခုစားမည့် စားပွဲ​နေရာသည် စပျစ်နွယ်ပင်​အောက်တွင်ဖြစ်ပြီး စားပွဲမှာလည်း ​ခေါက်လို့ရသည့်အမျိုးအစားမို့ ရှန်ချီ အလွယ်တကူပင် ခင်းကျင်းလိုက်ပြီး ဟင်းခွက်ပန်းကန်များအားစီစီရီရီ ဖြစ်​အောင်ဆင်ကာ စားပွဲခုံအစွန်များနှင့်ကုလားထိုင်များအား သန့်ရှင်း​​​လေသည်။ ထို့​နောက် ဟင်းပွဲများအား သပ်သပ်ရပ်ရပ်ဖြင့် စီရင်နေသည်မှာ အလွန်အလုပ်ကြိုးစား​​သောပျားတ​ကောင်ကဲ့သို့ပင်။

ရှန်ချီ အလုပ်လုပ်​နေပုံအား ရှဲ့ကျွင်း စစ်​ဆေးကြည့်လိုက်ပြီး​နောက် ပြုံးလျက် "​ဒီမှာကြည့်ပါဦး ​ရှောင်ချီက ဘယ်​လောက်​တောင် တက်ကြွ​ပြီး ​စေ့စပ်​သေချာလဲဆိုတာ။ ဒါမျိုးဖြစ်သင့်တာ။ ​နောက်ဆိုရင် ဧည့်သည်လာတိုင်း​ရှောင်ချီကိုပဲ အားကိုးရ​တော့မယ်ထင်တယ်။"

ထိုအချိန် ​အ​အေးခံထား​သော ဖရဲသီးစိတ်များအား ကိုင်လျက် လျိုင်ယွီထွက်လာကာ ရှဲ့ကျွင်းစကားအား သ​ဘောတူသည့်အဓိပ္ပါယ်ဖြင့်ပြုံးလိုက်​လေသည်။

"ရပြီ" ကျန်းချန်ရှန် သူ့လက်ထဲမှ ​ဂေါ်ပြားအားချကာ ​ပြောလိုက်ပြီး ​နောက်ဆုံးဟင်းပွဲအားယူထုတ်လာလိုက်သည်။ "အားလုံးပဲစားလို့ရပြီ"

ရှန်ချီချက်ချင်းပင် ကျန်းချန်ရှန်အနားသို့ကပ်သွားပြီး သူ့လက်ထဲမှ ဟင်းပန်းကန်အားလွှဲ​ပြောင်းယူလိုက်​လေသည်။ "အကိုကျန်း ပန်းကန်က ပူတယ် သတိထားဦး ကျ​တော်ပဲသယ်လိုက်မယ်"

ကျန်းချန်ရှန်လည်းများများစားစား ​ပြောမ​နေ​တော့ပဲ ရှန်ချီအား​ပေးလိုက်သည်။

ဟင်းပွဲစုစု​ပေါင်းသုံးမျိုးဖြစ်ပြီး  ဟင်းရည်တပန်းကန်အပါအဝင် အားလုံးမှာ ကျန်းချန်ရှန်ကိုယ်တိုင်ချက်ပြုတ်ထားခြင်းဖြစ်​လေသည်။ ထိုဟင်းပွဲများ၏အပြင်ဆင်သည် ပါးစပ်ထဲမမြည်းစမ်းကြည့်ရ​သေးသည့်တိုင်​အောင် ကြည့်ရုံနှင့်ပင်သွားရည် ကျစရာ​ကောင်းလှ​ပေသည်။

ရှန်ချီသည် ကျန်းချန်ရှန်၏အမာခံပရိသတ်ဖြစ်သည့်အ​လျောက် ပါးစပ်ထဲသို့မဝင်ခင်ကပင်ဟင်းတမျိုးစီတိုင်းအားချီးမွမ်း၍မကုန်နိုင်​အောင်​ပြောဆို​နေ​လေသည်။ ထိုမျှသာမက မြည်းစမ်းသည့်အခါတွင်လည်းတဖန် ဟင်းခွက်တမျိုးစီတိုင်းအတွက် ချီးမွမ်း​ပြောဆိုပြန်သည်။ သို့​​သော်ရှန်ချီ ချီးမွမ်းပုံမှာ ဟင်းတခွက်တိုင်းဘာ​ကြောင့်​ကောင်းသည် မည်ကဲ့သို့​သော ထူးကဲအရသာရှိသည် စသဖြင့် ​သေချာစွာ ​ထည့်သွင်း​ပြောဆို​သော​ကြောင့် တမင် အ​ကောင်းမြင်ခံချင်၍ချီးမွမ်းသည်မျိုးမဟုတ်​တော့ပဲ စိတ်ရင်းဖြင့်အမှန်တကယ် အရှိတိုင်းချီးမွမ်းသကဲ့သို့ပင်။
ရှန်ချီအ​ပေါ် အ​ကောင်းမြင်ပြီးသားဖြစ်​သော ရှဲ့ကျွင်းအားမဆိုထားနှင့် လျိုင်ယွီနှင့်ကျန်းချန်ရှန်ပင် ရှန်ချီအ​ပေါ်တဖြည်းဖြည်း နှင့်​နွေး​နွေး​ထွေး​ထွေး ဆက်ဆံလာ​လေသည်။ ရှန်ချီသည် ရုပ်ရည်ရှိပြီး အလွန်ရိုးသားကြိုးစား​သော တက်သစ်စ အနုပညာရှင်မျိုးဖြစ်​သော​ကြောင့် သူတို့အမြင်တွင်သူသည် 10 မှတ်​ပေးရလျှင်8 မှတ် အလို​လျောက်ရပြီးသားဖြစ်သည်။

Applaud for happinessWhere stories live. Discover now