အပိုင်း(၁)ဗီလိန် Systemနဲ့ချိတ်ဆက်ဖို့ ကံပါလာသူ

574 32 0
                                    

ငါကလီဖေးဟန် ငါကတရုတ်နိုင်ငံရဲ့ ရွှေဖီးနစ်ဆုရ ပါရမီရှင် သရုပ်ဆောင်တစ်ယောက်ပဲ၊ဒီတသက် မင်းတို့တွေ ဘယ်တော့မှ ငါ့လို ဖီးနစ်ဆုရှင် ဖြစ်လာအုန်းမှာ မဟုတ်ဘူး ၊သေချာတယ် ငါကငါပြီးရင်အကောင်းဆုံးပဲ။

     သက်လုံကောင်းတဲ့သူ၊ခန္တာကိုယ်လှပသူ၊ရုပ်ရည်ချောမောမှု့၊ သရုပ်ဆောင်ကောင်းမှု ၊ကျရာနေရာကနေငါ့ရဲ့သရုပ်ဆောင်နိုင်စွမ်းကို သူတို့အမြဲစောင့်ကြည့်နေကြတယ် ။

    ငါ့မှာ ဘွဲ့တွေအများကြီးရှိတယ် ၊ဖီးနစ် ၊လာဗင်ဒါ ရနံ့သခင် ၊ကြာပန်း ရဲ့ကျက်သရေ ပိုင်ရှင် ၊ဒီဘွဲ့တွေအားလုံးက ငါ့ရဲ့ ပုရိတ်သတ်တွေပေးထားတာ သူတို့လေးတွေက ငါ့လိုပဲနှစ်လိုဖွယ်ကောင်းတယ်။

     တနေ့ ငါအိမ်မှာ အနားယူနေရင်း ငါ့ရဲ့ ပုရိတ်သတ်ကပို့ပေးတဲ့ စာအုပ်ငါးအုပ်ကို တပြိုင်ထဲထိုင်ဖတ်နေခဲ့တယ် ၊ဒီဝတ္ထုတွေက နည်းနည်းလေးမှ သောက်အဓိပ္ပာယ်မရှိဘူး ဒါပေမယ့် ငါလက်မလွှတ်ချင်ဘူး ၊ခံစားရတာတမျိုးပဲ ဘာလို့ဆိုဒီ ဇာတ်လိုက်မှာ ငှက်အကြီးကြီးတွေရှိနေတယ် ၊ Shou လေးကလည်း သောက်ရမ်းလှတဲ့ အလှလေးတွေ ငါတော့ တော်တော်လေး ကြိုက်နေမိတယ် ၊ဒါပေမယ့် ဒီစာအုပ်တွေရဲ့ဇာတ်လမ်းတွေကတော့အခုထိသောက်အဓိပ္ပာယ်မဲ့နေတုန်းပဲ ၊ဟမ့် ငါ့လို ဖီးနစ်ဖတ်ဖို့မတန်သေးဘူး ။

    ငါးအုပ်မြောက်စာအုပ်ပြီးတဲ့နောက် ငါ့ရဲ့အဖိုးတန်လှတဲ့ ကြီးမာတဲ့ ဗီလာရဲ့အပေါ်ဆုံးထပ်က ရေကူးကန်မှာ ‌ငါရေကူးနေခဲ့ရင်း မိုးကြိုးပစ်ပြီးသေသွားတယ် ။
    ကြားကောင်းလား ငါလိုဖီးနစ်ကရေနစ်သေတယ်ဆိုရင်တောင် လွန်နေပြီ မိုးကြိုးပစ်တယ်တဲ့လေ ဂါးး မတရားလိုက်တဲ့ကောင်းကင် ငါငယ်ငယ်လေးပဲရှိသေးတာကို လိဖြစ်လို့ဇွတ်သေခိုင်းနေတာလား။

      "ဗီလိန် စနစ်ကနေကြိုဆိုပါ လီဖေးဟန်"

(လီဖေးဟန်)"ဘယ်သူလဲ ထွက်လာခဲ့စမ်း ဘာစနစ်လည်း "

(စနစ်)" ကျွန်တော်က ဗီလိန်စနစ်ပါ သင့်တော်တဲ့ သရုပ်ဆောင်ကူးပြောင်းသူကိုရှာတွေ့ပါပြီ စနစ်နဲ့ချိတ်ဆက်နေပါပြီ ၁...၂....၃..."

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now