အပိုင်း(၆)ပြင်းထန်တဲ့အနမ်း

196 23 6
                                    

ကျင့်ကြံခြင်းလောကအလယ်မှာ လီဖေးဟန်ရဲ့ သတင်းဆိုရင် ကောင်းသတင်းထက် ဆိုးရွားတဲ့သတင်းတွေကသာပိုများနေခဲ့တယ်။

ကျောက်ကျိလုံ ပထမအကြိမ်ဂူပိတ် ကျင့်ကြံနေချိန်မှာ လီဖေးဟန်က သူ့ရဲ့ဒုတိယတပည့်ကို သူ့အနားမှာပဲခေါ်ထားလေ့ရှိတယ်၊သူ့ရဲ့ဒုတိယတပည့် ရှင်းက မြေခွေးကနေ အသွင်မပြောင်းရသေးပဲကိုး။

      လီဖေးဟန်တစ်ယောက် ဂိုဏ်းကိစ္စတွေကို လုံးပန်းရင်းတစ်ဖက်မှာလည်း ရှင်းတစ်ယောက်ကိုထိန်းနေခဲ့ရတယ်၊အသွင်းပြောင်းကျောက်၊ စွမ်းအင်ကျောက် ထောင်ပေါင်းများစွာ ရှင်းကိုပေးပြီးစုပ်ယူခိုင်းခဲ့တဲ့အပြင် မြေခွေးတွေရဲ့ ကျင့်ကြံစဉ်တွေကိုပါ လိုက်လံရှာဖွေပြီး သင်ပေးနေခဲ့တယ်။

      ဒုတိယအကြိမ်ကျောက်ကျိလုံ ဂူပိတ်ကျင့်ကြံနေတဲ့အချိန်မှာပဲ မြေခွေးလေးရှင်းရဲ့ လူသားအသွင် တဝက်တပျက်ပြောင်းလဲခြင်းကစတင်ခဲ့တယ်၊ လူသားအဆင့်ကိုပြီးပြည့်စုံအောင် မကူးပြောင်းသေးတဲ့ ရှင်းက အမြှီးနဲ့ နားရွက်တွေ လက်ညည်းအရှည်တွေကိုမဖျောက်နိုင်သေးဘူး။

   ရှင်းအသွင်းပြောင်းတဲ့အချိန်နဲ့ကိုက်ပြီး လီဖေးဟန်ရဲ့အကိုက လီဖေးဟန်ဆီရောက်လာပြီး...

"ဂိုဏ်ချုပ် ရှင်းပေါ်ဟန်က (မြေခွေးလေးရှင်း)
အခုအသွင်ပြောင်းအခြေအနေကိုရောက်ရှိသွားတာကြောင့် ဂိုဏ်းချုပ်ကိုဂုဏ်ပြုပါတယ်၊တလက်စထဲ ဂိုဏ်းချုပ်ရာထူးယူပြီးထဲက အခုချိန်ထိ ဘာပွဲမှ မလုပ်ရသေးတာကြောင့် ရှင်းပေါ်ဟန်အတွက်ပါ ဂုဏ်ပြုပွဲကျင်းပပေးရင်ကောင်းမလားလို့ပါ ဂိုဏ်းချုပ်
ခွင့်ပြုပေးပါ"

လီဖေးဟန်က သူ့အကိုရဲ့စကားကတစွန်းတစမှန်နေတာကြောင့်ရော သူ့ဂိုဏ်းသားတွေကမျှော်လင့်နေကြတာကိုရော သိနေတာကြောင့် ခွင့်ပြုပေးလိုက်တယ်။

"နှစ်ရက်ခွင့်ပြုပေးမယ် သင့်တော်သလိုစီစဉ်လိုက်ပါ ဒီလူအလုပ်များနေလို့ခွင့်ပြုပါအုန်း"

လီဖေးဟန်ရဲ့စကားအဆုံးမှာ အကိုလုပ်သူကမျက်နာတစ်ချက်ပျက်သွားပေမယ့် နောက်ဆုံးမှာသူ့ရဲ့မျက်နာကိုအလျှင်အမြန်ပြန်ထိန်းနိုင်လိုက်တယ်။

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now