အပိုင်း(၂)ပြသနာပဲ စနစ်ရေ သောက်ဂွပဲ

194 27 0
                                    

   (စနစ်)" မစ်ရှင်လက်ခံပြီးပါ၍ ရှင်းလင်းပြသပါမည်

အမည်-လီဖေးဟန်

စကေးများ-ဘာမှမရှိ

ပွိုင့်-၅၀

နှစ်လိုမှု့အမှတ် -ဘာမှမရှိ

ဇာတ်လိုက် သုံးဦးထံမှ နှစ်လိုမှု့အမှတ်များစုဆောင်း၍စနစ်၏ ဈေးဝယ်စင်တာတွင်လိုအပ်သောအရာများဝယ်ယူနိုင်ပါသည်။

(လီဖေးဟန်)"ဘာ ဘာစကေးမှမရှိပဲ ငါကဘာလုပ်ရမှာတုန်း သောက်ဂွပဲဟ"

(စနစ်)"ရောက်ရှိနေသောဇာတ်ကြောင်းကိုလက်ခံရယူပါ"

တင်း.....ဆိုတဲ့ကျယ်လောင်တဲ့အသံကြားပြီးနောက်မှာ
လီဖေးဟန်ရဲ့ မျက်လုံးနဲ့အာရုံတွေထဲ လက်ရှိရောက်နေတဲ့ဇာတ်ကြောင်းကပေါ်လာတော့တယ်။

(လီဖေးဟန်)" ဟာ...သောက်ဂွစနစ်ရေ ဘာလို့ဒီအချိန်ကိုမှ ပို့ရတာလည်း ဒီအချိန်ရောက်လာမှတော့ ငါကဘာပြန်ပြင်နိုင်မှာလည်း သောက်ဂွတဲ့မှပဲကွာ "

လီဖေးဟန်ရောက်ရှိလာခဲ့တဲ့အခုဇာတ်ကြောင်းကတော့ လီဖေးဟန်ရဲ့ ဒုတိယတပည့် Shou လေး ရှင်းပေါ်ဟန်ကို ဗလက္ကာယ ပြုမှုကြောင့်ရာထူး အချခံရစဉ် ဂူပိတ်ကျင့်ကြံပြီး‌ပြန်ရောက်လာတဲ့ တပည့်အကြီးဆူံး ကျောက်ကျိလုံကိုပါ ထပ်မံအတင်းဓမ္မပြုခဲ့တျာကြာင့် အမြုတေ ဖျက်ဆီးခံရပြီး အကျဉ်းချခံထားရစဉ် အချိန်ပင်ဖြစ်သည်။

(လီဖေးဟန်)"ကောင်းရောကွာ သက်သက်မဲ့ငါ့ကိုယုတ်မာတာ သောက်ကျင့်မကောင်းတဲ့စနစ် အမျိုးယုတ်စနစ် "

လီဖေးဟန်ရဲ့မိုးမွှန်နေတဲ့ဆဲနည်းတွေကို စနစ်ကမရှိလေသယောင်ပဲ ဟန်ဆောင်ပြီးမသိချင်ယောင်ဆောင်နေလေရဲ့။

(လီဖေးဟန်)"စနစ်ရှိလားဒီမှာ"

(စနစ်)"စနစ်က လူကြီးမင်းကိုဝန်ဆောင်မှု့ပေးဖို့အတွက် ၂၄နာရီရှိနေပါတယ်"

(လီဖေးဟန်)"သောက်ပိုတွေမပြောနဲ့ မင်းရဲ့စင်တာထဲ ပွိုင့်နဲ့အခုလောလောဆယ်ဝယ်လို့ရတာဘာရှိလည်းပြပေး ဘယ်လို‌ဖြစ်ဖြစ်အခုလောလောဆယ်တော့ ဒီကလွတ်အောင်ပြေးမှရမယ် "

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now