Part (7)

82 12 0
                                    

မေတ္တနီတိ

🌸pann

Part (7)


ညီမလေးလိုပါပဲတဲ့..။

ညီမဆိုပြီးလည်းတစ်စက်ကလေးမှ သွေးသားမတော်ပါဘဲနဲ့ ဘာလို့ညီမလဲ..။

ဘာတွေလာပြီး ညီမလဲ..။

ညီမဆိုတာကြီးပဲရင်ထဲခံကာ အသက်ရှူသံပြင်းလာသလို လက်သီးတင်းတင်းဆုပ်ထားမိသည်..။

မကျေနပ်နေပါ..ဘယ်သူ့ကိုမှ ဘယ်အရာကိုမှမကျေနပ်နေတာ ။

ချစ်လှပါတယ် သဘောကျလှပါတယ်ဆိုတဲ့ ပြာလွင်နေတဲ့ကောင်းကင်ကြီးကအစ မြေပြင်မှာဖြတ်ပြေးနေတဲ့ ပုရွက်ဆိတ်အဆုံး..တစ်ခုလေးကိုမှ သဘောမကျနေတာ ။

ဒေါသထွက်တိုင်း တစ်ခုခုပေါ်ပစ်ပုံလိုက်ချင်ပေမယ့် မတွေ့..ပေါက်ကွဲထွက်ချင်ပေမယ့်လည်း ထွက်မရနေ ။

စိတ်တွေပိုတင်းကြပ်လာတော့ အရင်ဆုံးမျက်ရည်ပဲအိုင်လျှံလာသည်..။

တင်းခံနေပေမယ့်မရတော့ လမ်းထောင့်မှာပဲထိုင်ချကာ ငိုမိသည်..။

မငိုဖို့လည်းထိန်းမထားနိုင်တော့ဘဲလေ..ကိုယ့်ခံစားချက်ကိုယ်ပဲသိတယ် အစ်ကို့ကိုအရင်နှစ်ဝက်လောက်ကမှစသတိထားမိတာ..သတိထားမိပြီဆိုကတည်းက တစ်ချိန်ထဲရင်ထဲရောက်ခဲ့ရတာ ။

တစ်နှစ်ကျော်ဆိုတဲ့ကာလမှာ အမြစ်ကအရင်းထိတွယ်နိုင်ပါတယ်အစ်ကို..အချစ်အမြစ်ဆိုရင်ပိုလို့တောင် တွယ်နှောင်နိုင်ပါသေးတယ်။

ဒီလူက အစ်ကိုနဲ့ပတ်သက်လာရင် သေးသေးလေးကအစရင်ခုန်တယ် ပျော်တယ်..သဘောကျတယ် ချစ်တယ် ..စိတ်ဓာတ်လည်းကျလွယ်တယ် အားလည်းငယ်တတ်တယ် ဝမ်းနည်းလွယ်ပြီးမျက်ရည်လည်းကျတတ်တဲ့သူပါ..သဝန်တိုလည်းကဲတတ်တဲ့သူပါ..အစ်ကို့ရဲ့ဘေးနားကလူတိုင်းကိုလည်း လွယ်လွယ်အားကျတတ်ခဲ့တဲ့သူပါ ။

အချစ်ဦးပါအစ်ကို..။

အချစ်ဦးဆိုတဲ့အားက ဘယ်လောက်ပြင်းလဲဆိုတာ အစ်ကိုသိပါ့မလား..။

ရင်ခုန်တတ်စမှာ နှလုံးသားထိအားပြင်းပြင်းအရှိန်မြန်မြန်နဲ့ ဝင်ရောက်လာခဲ့တဲ့သူက အစ်ကိုတစ်ယောက်ထဲပဲရှိခဲ့တာပါအစ်ကို..။

မေတ္တ နီတိWhere stories live. Discover now